ဒီတခါမှာ တိုက်ခိုက်ရေးကားကောင်းလေးတကားဖြစ်တဲ့Sniper ဆိုတဲ့ဇာတ်ကားလေးနဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ဘရာဇီးမှာ အိမ်အကြီးကြီးဝယ်ပြီး ကော်ဖီပင်စိုက်ထားတဲ့ခြံကြီးနဲ့အကြိုက်ဆုံးမြင်းပါရှိမယ့်အိပ်မက်အတွက် စူးရွှယ် သူ့အစ်ကိုနဲ့တခြားသူငယ်ချင်းပါ၃ ယောက်လုံးကတရုတ်ပြည်မှာ ထူးချွန်ပြောင်မြောက်လှတဲ့အကြမ်းဖက်သမားအုပ်စုဖြစ်ကြတာပေါ့။စူးရွှယ် မိန်းကလေးကအမျိုးသမီးကျွမ်းကျင်စန်ိုက်ပါသမား ဖြစ်ပြီးအထူးရဲတပ်ဖွဲ့တွေလာရောက်ဖမ်းဆီးတဲ့အချိန်တိုင်းထွက်ပြေးနိုင်အောင်လုပ်နိုင်ခဲ့တဲ့အထိကျွမ်းကျင်လှတယ်။ဒီလိုနဲ့အထူးရဲတပ်ဖွဲ့ဝင် စုန့်ညန့်မိန်းကလေးအမြဲတမ်း ထိပ်တိုက်တွေ့ပေမဲ့အမြဲတမ်းထွက်ပြေးလွတ်မြောက်သွားတာကြောင့် စုန့်ညန့်တစ်ယောက်အခဲမကြေပဲအဆုံးထိလိုက်လံဖမ်းဆီးဖို့ ကြိုးစားတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲမိန်းကလေးစနိုက်ပါတစ်ယောက်ရဲ့ ထူးချွန်ပြောင်မြောက်ပုံတွေကိုမြင်တွေ့ရမှာဖြစ်တာကြောင့် ဒီဇာတ်ကားလေးကိုစောင့်မျှော်ကြည့်ရူလိုက်ရအောင်