ချစ်ပရိတ်သတ်တို့ ဘဝအမောတွေကိုဟာသကားလေးကြည့်ပြီး ရယ်မောဖြေလျှော့နိုင်ဖို့အတွက်…ဟာသကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီကားလေးအကြောင်းကို မိတ်ဆက်ပေးရမယ်ဆိုရင်…ဇာတ်လိုက်မင်းသမီးက တိုင်းပြည်တစ်ပြည်ရဲ့ မင်းသမီးလေးပေါ့…ဒါပေမယ့်… မွေးရာပါ သူနဲ့လက်ထပ်တဲ့ယောက်ျားတိုင်းသေစေတဲ့ နက္ခတ်နဲ့ မွေးဖွားလာခဲ့သူပေါ့…သူပထမယောက်ျားလည်း မင်္ဂလာပွဲခန်းမမှာတင်သေတာပဲ…ဒုတိယယောက်ျားလည်း အတူတူပဲ….တတိယယောက်ျားလည်း အမြှုပ်တွေထွက်လာပြီး သေခဲ့တယ်…ဒီတော့ သူ့ခမည်းတော်လည်း သမက်တော်ကိုရှာဖွေရှင်းနဲ့ဆန့်ကျင်ဖက်ပြည်ထောင်က မင်းသားနဲ့ လက်ဆက်ပေးဖို့ဖြစ်ခဲ့တယ်…အံ့ဩစရာကောင်းတာက ဒီတစ်ခေါက်မှာတော့မင်္ဂလာပွဲခန်းမတစ်လျှောက်လုံး မသေခဲ့ဘူး…မင်္ဂလာအိပ်ခန်းဝင်တဲ့အထိပေါ့…ဒါပေမယ့် မင်းသမီးအနားကပ်တိုင်းမှာ ရင်ဘတ်ထဲကနာကျင်ပြီးလျှပ်စီးလိုက်တဲ့ဒဏ်ကို ခံစားနေရတယ်ပေါ့…ဒီအချိန်မှာပဲ သူ့ကံတရားကို သူနားလည်ခဲ့ပြီး နန်းတွင်းက ထွက်ပြေးခဲ့တယ်…နောက်ဆုံးမှာ သူတို့နှစ်ဦး ဘယ်လို ဖူးစာရေးနတ်ရဲ့ဇာတ်ညွှန်းအတိုင်း ဘဝဇာတ်ခုံမှာကရမလဲ…နောက်ပြီး ဒီနက္ခတ်ဆိုးကြီးကရော ကျော်လွှားသွားနိုင်မှာလားဆိုတာကိုဇာတ်ကားလေးကြည့်လိုက်ကြတာပေါ့…