Murphy HD

Murphy

Mystery Science Fiction Romance HD 2024-10-18 8.3 136 Min

Murphy…။ Barfi! (2012)မှာ ဘာဖီဆိုပြီး ဖြစ်တည်လာစေခဲ့တဲ့ ဗြိတိသျှထုတ် ရေဒီယိုကြီး။ဘာဖီမှာ ရန်ဘီးကပူးရ်ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှု ဇာတ်လမ်းတင်ဆက်မှုတွေမှာ စီးမျောခဲ့ရသလိုပဲဒီရုပ်ရှင်လေးကလည်း မိတ်ဆွေတို့ကို ခံစားမှုတစ်ခုခု ပေးစွမ်းနိုင်မှာပါ။မိုးရွာတော့မယ့်အရိပ်အယောင်နဲ့ မိုးကြိုးလျှပ်စီးတဝင်းဝင်းဖြစ်နေတဲ့၂၀၀၇ ခုနှစ်ရဲ့ ညတစ်ညမှာ ကောင်လေးတစ်ယောက်ဟာ သူ့အဖေရဲ့ရေဒီယိုအပျက်လေးကိုဒေါက်တာပင်တိုဆီ အကူအညီတောင်းပြီး ပြင်ပေးဖို့ထားခဲ့တာကို သွားပြန်ယူရာကနေ ဇာတ်လမ်းအစပျိုးထားပါတယ်။ဒေါက်တာကတစ်ခြားရေဒီယိုတွေ ပေးပေမဲ့သူကသူ့အဖေပထမဆုံးလစာနဲ့ဝယ်ခဲ့တဲ့ဒီရေဒီယိုကိုပဲပြင်ခိုင်းနေခဲ့ပါတယ်။ရေတွေစိုကုန်လို့ ပြင်မရဘူးပြောနေတုန်းမှာပဲ အသံထမြည်တော့ သူဟာ ဝမ်းသာအားရနဲ့ ရေဒီယိုကိုပိုက်လို့အိမ်ပြန်ပါတော့တယ်။အရိပ်အယောင်ပြနေတဲ့မိုးကသည်းထန်စွာရွာလာတော့ ကိတ်ခွဲဖို့စောင့်နေတဲ့ အိမ်ကို သူနောက်ကျမယ့်အကြောင်းဖုန်းဆက်ပြောပြီးကားတစ်စီးတွေ့လို့ ဝမ်းသာအားရအကူအညီတောင်းပေမဲ့ ကားက သူ့ဆီတည့်တည့်ကြီးတိုးဝင်လာခဲ့ပါတယ်။၂၀၂၄မှာတော့ ဒေးဗစ်ဆိုတဲ့ကောင်လေးက သူ့အဘိုးဆီက ရေဒီယိုကို ကိုင်ခွင့်မရလို့အဘိုးလစ်တဲ့အချိန်ရေဒီယိုကို ကလိဖို့ကြိုးစားရာကစ ဘ၀တစ်ခုရဲ့ သံသရာတစ်ပတ်လည်လာတဲ့အခါမှာတော့…။