ရှာရွတ်ခန်းရဲ့ Raees (2017)ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ ရာဟူးဒိုလာ့ခ်ကီယာရဲ့ ရုပ်ရှင်အသစ်။မီးသတ်ရဲဘော်တွေကို ဂုဏ်ပြုရိုက်ကူးထားတဲ့ ဇာတ်လမ်း။မွမ်ဘိုင်းမှာ ထူးဆန်းတဲ့ မီးလောင်မှုတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေခဲ့ပါတယ်။ဗစ်တယ်ကတော့ မီးလောင်မှုတွေကြောင့် အိမ်တောင်မပြန်နိုင်ဘဲသားပစ်မယားပစ်နဲ့ မီးသတ်စခန်းမှာပဲ အနေများနေရသူ မီးသတ်တပ်စုမှူးတစ်ယောက်။သားဖြစ်သူက မီးသတ်ရဲဘော်အဖေဖြစ်သူကိုအထင်မကြီး၊ ဦးလေးဖြစ်သူ နာမည်ကျော်အင်စပက်တာကြီးကိုပဲလူစွမ်းကောင်းထင်တဲ့သူ။ ဇနီးဖြစ်သူကလည်း ယောကျ်ားဖြစ်သူကို မပြောရက်ပေမဲ့အနားမှာ နေစေချင်သူ။ဒါပေမဲ့လည်း ဗစ်တယ်ကတော့ သူ့အသက်ကိုစွန့်စားရင်းမီးလျှံတွေကြားမှာ အသက်ပေါင်းများစွာကိုကယ်ဆယ်နေခဲ့တာပေါ့။ဒါပေမဲ့ ဆက်တိုက်ဆိုသလိုဖြစ်နေတဲ့ထူးဆန်းတဲ့မီးလောင်မှုတွေကို မသင်္ကာတဲ့အတွက်ယောက်ဖဖြစ်သူ အင်စပက်တာကြီးအာမစ်နဲ့ပူးပေါင်း အဖြေရှာကြတဲ့အခါမှာတော့…။