The Witness HD

The Witness

Unknown HD 2017-05-22 8.3 8 Min

ဒီတစ်ခါတော့ Lee Sung-min, Kim Sang-ho, Jin Kyung နဲ့ Kwak Si-yang တို့လိုသရုပ်ဆောင် ကောင်းတဲ့သူတွေ ပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို ပြစ်မှုဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။မိသားစုကို အတော်ချစ်တဲ့ ကုမ္ပဏီဝန်ထမ်း ဟန်ဆန်းဟွန်းက တိုက်ခန်းသစ်ဝယ်နိုင်ခဲ့တာကိုအကြောင်းပြုပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ အရက်အတူတူ သောက်ပြီး ညသန်းခေါင်လောက်မှအိမ်ပြန်လာခဲ့တယ်။အိမ်ရောက်တော့ အမျိုးသမီးတစ်ယောက် အော်သံကြားလို့ ဝရန်တာဘက်ကိုထွက်ကြည့်လိုက်တဲ့အခါမှာ လူတစ်ယောက်က အဲဒီအမျိုးသမီးကို သတ်ဖို့လုပ်နေတာကို မျက်မြင်တွေ့လိုက်ရတယ်။အဲဒါနဲ့ ချက်ချင်း ရဲကို အကြောင်းကြားဖို့ လုပ်နေတုန်းမှာပဲ လူသတ်သမားနဲ့ မျက်လုံးချင်းဆုံမိသွားခဲ့တယ်။ဂင်ဆန်းဟွန်းလည်း သူ့မိသားစုကို လာဒုက္ခပေးမှာစိုးလို့ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေခဲ့ပေမဲ့လူသတ်သမားက အမြဲတမ်း သူတို့နားမှာ တဝဲလည်လည်နဲ့စောင့်ကြည့်နေတဲ့အခါမှာတော့..။ဂင်ဆန်းဟွန်းတစ်ယောက် အဲဒီလို အခြေအနေတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးကစုံထောက် မှုခင်း သည်းထိတ်ရင်ဖိုကားတွေကို နှစ်သက်တဲ့သူတွေ အကြိုက်တွေ့စေမှာဖြစ်သလိုလူတွေရဲ့ တစ်ကိုယ်ကောင်းစိတ်တွေ ကိုယ်ချင်းစာစိတ်တွေကိုပါ ခံစားမိနိုင်တာမို့ လူဆိုတာဒါမျိုးပါလားဆိုပြီးရင်ထဲ တစ်ခုခု ကျန်ခဲ့နိုင်မဲ့ ဇာတ်ကားလေးဖြစ်လို့ အားလုံး ကြည့်ရှုကြည့်ကြဖို့ ညွှန်းဆိုလိုက်ပါတယ်နော်