ဒါရိုက်တာ Daniel Burman ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာဆိုရင်အာဂျင်တီးနား မိသားစုဒရာမာဇာတ်ကားကောင်းလေးဖြစ်ပြီးတော့Story က ထူးခြားပါတယ်။အဓိကဇာတ်ဆောင်တွေအဖြစ် Penélope Guerrero,Juan Minujín နဲ့ Gustavo Bassani တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဂျူးဘာသာမှာဆိုရင် ဆယ်ကျော်သက်အရွယ်ကိုရောက်တာနဲ့BarMitzvah ဆိုတဲ့ အရွယ်ရောက်ပွဲကို ကျင်းပပေးရပါတယ်။ယောကျ်ားလေးဆိုရင်တစ်မျိုး မိန်းကလေးဆိုရင်တစ်မျိုးကျင်းပရတဲ့ပုံစံက မတူပါဘူး။ ဒီဇာတ်ကားရဲ့ဇာတ်လမ်းကအဲဒီအပေါ်မှာအခြေခံထားပါတယ်။Ruben ဆိုတဲ့ကောင်လေးဟာ ဆယ်ကျော်သက်အရွယ်မှာမိန်းကလေးစိတ်ပေါက်နေတာကြောင့် Bar Mitzvah ကိုမလုပ်ခဲ့ပါဘူး။ နောက်ပိုင်း အသက်ကြီးသွားမှ သူ့အစ်ကိုရဲ့အကူအညီနဲ့ဒီပွဲကိုပြန်လုပ်တဲ့အခါမှာ တွေ့ကြုံရတဲ့အခက်အခဲတွေ၊ ဘာသာရေးအစွဲအလမ်းတွေ၊ Transgender တွေအပေါ်ခွဲခြားဆက်ဆံမှုတွေကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။မိသားစုတစ်စုရဲ့စည်းလုံးမှုတွေ၊မောင်နှမနှစ်ယောက်ကြားကအချစ်တွေကို ဟာသလေးတွေဖောက်ကာ ရိုက်ကူးထားပြီးပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။