လေယာဉ်အနုကြမ်းစီးတယ်ဆိုတာ တော်ရုံတန်ရုံမလွယ်ကူတဲ့အတွက်အဲ့လိုလုပ်တဲ့လူတွေနည်းသလို ထွက်ရှိထားတဲ့ရုပ်ရှင်တွေကလည်းနည်းပါးပါတယ်။အဲ့ဒီနည်းပါးတဲ့ထဲကမှ ၁၉၉၃ ခုနှစ် နိုက်ဂျီးရီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့လေယာဥ်အနုကြမ်းစီးမှုကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတဲ့ Hijack ’93 လို့ခေါ်တဲ့ဖြစ်ရပ်မှန်နိုက်ဂျီးရီးယားဇာတ်ကားတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။နိုက်ဂျီးရီးယားတွေကသိတဲ့အတိုင်းတစ်ခါတစ်လေမှာနိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ဇာတ်ကားတွေရိုက်ကူးနိုင်တဲ့အတွက်ဒီကားလည်းနိုင်ငံတကာအဆင့်မှီလား ကောင်းလားဆိုတာကိုတော့ကြည့်ရှုသူပရိသတ်တွေပဲ ဆုံးဖြတ်သင့်ပါတယ်။ဒီ၁၉၉၃ ခုနှစ်မှာဖြစ်ခဲ့တဲ့လေယာဉ်အနုကြမ်းစီးမှု ဘယ်ကနေစတာလဲပြောရရင်တော့ အခုထက်ထိမပြီးဆုံးသေးတဲ့စစ်အာဏာရှင်အစိုးရရဲ့ဖိနှိပ်အနိုင်ကျင့်မှုတွေအောက်မှာမခံမရပ်နိုင်ဖြစ်လာတဲ့တော်လှန်ရေးတပ်ဖွဲ့တွေကနေစတာပါပဲ။တစ်နိုင်ငံလုံးဖြစ်ချင်ရာဖြစ် လူနည်းစုကောင်းစားရေးပဲလုပ်နေတဲ့အစိုးရကိုဖြုတ်ချပြီးဒီမိုကရေစီစနစ်နဲ့ရွေးချယ်ထားတဲ့သမ္မတကိုအာဏာပြန်ပေးဖို့တောင်းဆိုဖို့အတွက် နိုက်ဂျီးရီးယားနိုင်ငံသားလူငယ် ၄ ယောက်က လေယာဉ်တစ်စီးကိုအနုကြမ်းစီးခဲ့ပါတော့တယ်အစီအစဉ်တွေကတော့ကောင်းကောင်းချထားပေမဲ့တကယ်တမ်းအကောင်အထည်ဖော်တဲ့အခါမှာအခက်အခဲတွေရှိလာတဲ့အခါမှာတော့ ခရီးသည်တွေအပြည့်ဓားစာခံအနေနဲ့အဖမ်းခံထားရတဲ့လေယာဉ်တစ်စီးတော်လှန်ရေးလူငယ် ၄ ယောက်နဲ့နိုက်ဂျီးရီးယားအစိုးရတို့ကြားမှာ ဘယ်လိုညှိနှိုင်းမှုတွေ လုပ်ဆောင်မှုတွေလုပ်ကြမလဲဆိုတဲ့စိတ်ဝင်စားစရာအဖြစ်အပျက်တွေကိုရုပ်ရှင်အနေနဲ့ပြန်လည်ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။