Explosive Chase HD

Explosive Chase

Unknown HD 2024-10-03 8.3 74 Min

ရိုးသားကြိုးစားတဲ့တက္ကစီသမားလေးရှန့်ရှဟာ သူ့ရဲ့လူပွေလူရှုပ်သူငယ်ချင်းရဲ့အရှုပ်ထုပ်တွေကို ခဏခဏလိုက်ရှင်းရပါတယ်။ တစ်နေ့မှာသူဌေးသမီးပန်းချီဆရာမလေးရာလိ နဲ့ဆုံတွေ့ပြီးသူ့ကိုမကောင်းတဲ့ယောင်္ကျားလို့အထင်ခံလိုက်ရတယ်။ဒီလိုနဲ့သူတို့မှာပန်းရောင်လွှမ်းတဲ့ရန်ငြှိုးလေးတွေရှိသွားကြတယ်။အဲဒီအချိန်မှာပဲ ရှန့်ရှဟာ သူငယ်ချင်းရဲ့ပြဿနာကိုလိုက်ဖြေရှင်းပေးရင်ကုမ္ပဏီကြီးတစ်ခုရဲ့စိန်ပျောက်မှုထဲမှာ ရောပါသွားခဲ့တယ်။အစ်ကိုခွင်းဆိုတဲ့သူနဲ့ ဘယ်ကပေါ်လာမှန်းမသိတဲ့ လူမိုက်တွေရဲ့လိုက်သတ်တာကိုခံရတယ်။အပြစ်မရှိတဲ့ရှန့်ရှမှာတော့ ဘာကြောင့်သူလိုက်သတ်ခံနေရတာလဲဆိုတာကို မသိပါဘူး။မင်းသားရဲ့အူကြောင်ကြောင်ရုပ်နဲ့ ကပျက်ကချော်လုပ်ရပ်တွေနဲ့အတော်လေးကိုရယ်ရတဲ့ အက်ရှင်ဟာသကားလေးဖြစ်ပါတယ်။