ဒီရုပ်ရှင်ထဲမှာတော့ အားလုံးရင်းနှီးပြီးသားဖြစ်မဲ့ Xiaoming Huang ကိုတစ်ခါမှ မမြင်ဖူးတဲ့ ပုံစံနဲ့ မြင်ရမှာ ဖြစ်ပါတယ်။ အက်ရှင်၊ မှုခင်း၊ ပြစ်မှု၊သဲထိတ်ရင်ဖိုစတဲ့ ရသအစုံကို ခံစားရမဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့-ရှေ့နေမုံ့ကျုံးရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာပြီး ငယ်စဉ်ကတည်းက အမေမရှိတော့တဲ့မုံ့ကျုံးဟာ ကြီးလာတဲ့အချိန်မှာ အဖေ့အလုပ်ကို ဆက်ခံဖို့ထက်ရှေ့နေကြီးတစ်ယောက် ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေစာမေးပွဲဟာနတ်ကြီးတယ်လို့ ပြောရမလားပဲ ထူးချွန်လှပါတယ်ဆိုတဲ့မုံ့ကျုံးတစ်ယောက် ၄ ကြိမ်တိတိဖြေပြီးမှ အောင်ခဲ့ပါတယ်။ရှေ့နေဖြစ်ပြီးနောက် နှစ် ၂၀ ခန့်ကြာတဲ့အခါ ရှေ့နေလောကမှာ ရပ်တည်နိုင်လာတဲ့မုံ့ကျုံးဟာ အကူအညီလိုအပ်သူတွေကိုပဲ လိုက်ကူညီပေးပါတော့တယ်။မိန်းကလေးကို မုဒိမ်းကျင့်မှုတစ်ခုကို လိုက်လံစုံစမ်းနေတဲ့အချိန်မှာဝေ့ရှန်ဆိုတဲ့ မိန်းကလေးနဲ့ တွေ့ခဲ့ပါတယ်။ မိန်းမကို စိတ်မဝင်စားဘဲအလုပ်ထဲပဲ စိတ်နစ်ထားတဲ့ မုံ့ကျုံးဟာ ဝေ့ရှန်အပေါ်တော့ ထူးခြားနေခဲ့ပါတယ်။ဒါပေမဲ့ ကျားမမေတ္တာတော့ မဟုတ်ပါဘူး။ဝေ့ရှန်ဟာ ဘယ်သူဖြစ်မလဲ……မုံ့ကျုံးဆီမှာရော ဘယ်လို လျှို့ဝှက်ချက်မျိုးတွေ ရှိနေမလဲ……သူစုံစမ်းနေတဲ့ အမှုကရော အဆင်ပြေနိုင်ပါ့မလား……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။