ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ခ်ဘာတန် (Kurt Russell) ဟာ ထရပ်ကားဒရိုင်ဘာတစ်ယောက်ဖြစ်ပြီးအချိန်ပြည့်လမ်းပေါ်မှာအချိန်ကုန်နေတဲ့လူစားမျိုးပါ။တစ်ညမှာတော့ ဆန်ဖရန်စစ္စကိုက ဝာရုတ်တန်းမှာ သူ့မိတ်ဆွေဝမ်ချီဆီရောက်ဖြစ်ရင်းနဲ့လေဆိပ်မှာ ဝမ်ချီရဲ့ ဇနီးလောင်းကိုသွားကြိုဖို့လမ်းကြုံလိုက်ပို့ပေးခဲ့ပါတယ်။ဒါပေမဲ့အဆင်ပြေမသွားဘဲ ဝမ်ရဲ့ ဇနီးလောင်းကို သေခြင်းသခင်ဆိုတဲ့ ဝာရုတ်လူမိုက်ဂိုဏ်းက ဝင်ဖမ်းသွားတဲ့အတွက်မိတ်ဆွေအတွက်ဆို ဘာမဆိုစွန့်စားရဲတဲ့ ဂျက်ခ်တစ်ယောက်လိုက်ကူညီပေးရင်းသေခြင်းသခင်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ လိုပန်ဆိုတဲ့ အောက်လမ်းနတ်ဆရာ ရဲ့ အောက်လမ်းမှော်အတတ်တွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ဝမ်ကိုလိုက်ကူညီရင်း ဂျက်ခ်ရဲ့ထရပ်ကားပါအခိုးခံလိုက်ရတာဖြစ်လို့ ဝမ်ရဲ့ဇနီးလောင်းနဲ့ သူ့ရဲ့ထရပ်ကားကို ပြန်ရနိုင်မလားဂျက်ခ်နဲ့ ဝမ်တို့ ဘာတွေကို ရင်ဆိုင်ဖြတ်ကျော်ကြရမလည်းဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။