အသစ်ထွက်ရှိလာတဲ့ တောင်ပိုင်းမင်းသား ဆီဗာကာသီကေယန်ရဲ့ တမီးလ်ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဝင်ငွေအနေနဲ့ရော ပရိသတ်အားပေးမှုရော ကောင်းကောင်းရခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။မူကွန်…။ ငါးတန်းကတည်းက ဗိုလ်လောင်းသင်တန်းကျောင်းကို ကွင်းဆင်းလေ့လာရေးသွားရပြီးဗိုလ်လောင်းတွေရဲ့ စစ်ချီသံ…ယူနီဖောင်း…ရိုင်ဖယ်နဲ့ကိုယ်နေဟန်ထားတွေကိုကြည့်ပြီး စစ်သားတစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့သူ။မိခင်ကြီး အတန်တန်တားနေတဲ့ကြားက ချစ်သူလေးရဲ့ အားပေးမှုနဲ့အတူ လက်ရွေးစင်တပ်ဖွဲ့ထဲဝင်ဖို့ ကြိုးစားခဲ့တဲ့ မူကွန်ချစ်ရတဲ့သမီးနဲ့မိန်းမ၊ မိသားစုကိုပစ်ထားခဲ့ပြီး တပ်ခွဲမှူးအသစ်အနေနဲ့ နယ်စပ်အနီးတစ်နေရာမှာ တာဝန်ကျချိန်။လွှတ်တော်ကိုအကြမ်းဖက်တိုက်ခိုက်မှုနဲ့ အကြမ်းဖက်သမားတစ်ယောက်ကို သေဒဏ်ပေးပြီးတဲ့နောက်အကြမ်းဖက်သမားတွေဘက်က တိုက်ခိုက်မှုတွေ ပိုမိုဆိုးရွားလာတဲ့အခါမှာတော့…။