အားလုံးသိကြတဲ့ နဂါးမေမေ Emilia Clarke ပါဝင်ထားတဲ့The Stone Roses bandရဲ့ Spike Island ဖျော်ဖြေပွဲအကြောင်း ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ The Stone Roses ဆိုတာကတော့1980s နဲ့1990s ခုနှစ်များမှာ အရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့ မန်ချက်စတာ အခြေစိုက်Rock band တစ်ခုပဲဖြစ်ပါတယ်။ 1990ခုနှစ် မေလမှာကျင်းပခဲ့တဲ့ The Stone Rosesရဲ့Spike Island ဖျော်ဖြေပွဲဟာလာရောက်ကြည့်ရှုသူ 28,000 ကျော်တောင်ရှိခဲ့ပြီးBritish ဂီတ သမိုင်းမှာ ပြောစမှတ်တွင်စရာ ဖျော်ဖြေပွဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ဒီဇာတ်ကားထဲက Gary Titchfield နဲ့သူ့ရဲ့ဘော်ဒါတစ်အုပ်ဟာ The StoneRoses band ကိုအရမ်းသဘောကျကြပြီး သူတို့ကိုယ်တိုင်လည်း Shadow Casterဆိုတဲ့ Bandတစ်ခုထောင်ထားကြပါတယ်။ သူတို့နေတဲ့ Red Bricksနဲ့ သိပ်မလှမ်းတဲ့ Widnes မှာThe Stone Roses ရဲ့ SpikeIsland ဖျော်ဖြေပွဲလုပ်မှာဖြစ်တဲ့အတွက်ဂယ်ရီတို့တွေ ဖျော်ဖြေပွဲကို မဖြစ်မနေအရောက်သွားဖို့ပြင်ဆင်ကြပါတော့တယ်။အဲဒါအပြင် သူတို့ Shadow Caster band ရဲ့ သီချင်း demo တစ်ပုဒ်ကိုပါThe Rosesလက်ထဲကိုအရောက်ပို့ဖို့ ရည်ရွယ်ထားကြပါသးတယ်။အထက်တန်းကျောင်းသားတွေဖြစ်တဲ့ ဂယ်ရီတို့ Shadow Caster အဖွဲ့သားတွေဖျော်ဖြေပွဲကို ရောက်အောင်သွားကြပုံကိုလူငယ်အချစ်ဇာတ်လမ်းလေးနှောပြီးပေါ့ပေါ့ပါးပါးတင်ဆက်ထားတာမျိုးပါ။ ပါဝင်တဲ့ သီချင်းတွေကလည်းThe Stones Rosesရဲ့ နာမည်ကျော်သီချင်းတွေအပြင် Shadow Caster ရဲ့Ten-Mile-Smilသီချင်းဟာလည်း သီချင်းကောင်းတစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့်rock ဂီတကြိုက်နှစ်သက်သူတွေ သဘောတွေ့စေမဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်းညွှန်းဆိုလိုက်ချင်ပါတယ်။