Suddenly FHD

Suddenly

Drama Thriller Adventure FHD 2023-12-06 6.409 114 Min

သင်္ဘောတစ်စီးနဲ့အတူ စွန့်စားခရီးထွက်လာကြတဲ့ လက်ဂ်နဲ့လော်ရာတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ မူလ ပွယ်တိုအေဒင်မြို့ကိုသွားဖို့လုပ်ထားပေမယ့် ယောကျ်ားဖြစ်သူက ရေခဲစိုင်ကြီးတွေကိုမြင်ရတဲ့ အရမ်းလှတဲ့ကျွန်းလေးကို သွားချင်တယ်ဆိုတာနဲ့ပဲတောင်ဝင်ရိုးစွန်းဘက်မှာရှိနေတဲ့ကျွန်းသေးလေးကို ထွက်လာခဲ့ကြပါတော့တယ်။အဲဒီကျွန်းလေးကိုရောက်တဲ့အခါ လှပတဲ့ရှုခင်းတွေကို ခံစားနေတုန်းမုန်တိုင်းတစ်ခုက သူတို့ဘက်ကိုတည့်တည့်ဝင်လာပါလေရော…အဲဒါနဲ့ပဲ ပါလာတဲ့ လေထိုးလှေနဲ့ သင်္ဘောဆီကိုပြန်သွားဖို့လုပ်ပေမဲ့လှိုင်းလေထန်တာကြောင့် လက်လျှော့ပြီး ကျွန်းပေါ်မှာ တစ်ညတာအိပ်စက်လိုက်ရပါတယ်…အဲဒီလိုနဲ့ မုန်တိုင်းစဲပြီးမနက်နိုးတဲ့အခါမှာတော့ ပင်လယ်ပြင်မှာကျောက်ချထားခဲ့တဲ့ သူတို့သင်္ဘောကို မမြင်ရတော့ပါဘူးသင်္ဘောကို လေထိုးလှေစီးကာ လိုက်ရှာရင်း ဒီကျွန်းကနေပြန်ထွက်ဖို့လမ်းမရှိတော့ဘူးဆိုတာ သိရတဲ့အခါသူတို့နှစ်ယောက် ဘယ်လိုကျော်ဖြတ်မလဲ…ဒီကျွန်းကနေ အသက်ရှင်ရက်နဲ့ ပြန်ထွက်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာ ဖြစ်ပါတယ်။