ဆင်းရဲသားရပ်ကွက်လို့ လူတိုင်းကနှိမ်ခေါ်ကြတဲ့ ၁ လမ်းရပ်ကွက်လေးဟာ…စရိုက်အဖုံဖုံနဲ့ အရောင်အသွေးစုံလှတဲ့ မိသားစုတွေရဲ့ အိမ်လို့ ခေါ်ရမှာပေါ့။အဲဒီနေရာလေးကိုမှ လူမိုက်ဖီးဂျယ်ဟာရောက်ရှိသွားခဲ့တယ်။ ဖီးဂျယ်ဟာ…အဲဒီကိုရောက်ပြီး သိပ်မကြာခင်မှာပဲ ၁ လမ်းမှာနေထိုင်တဲ့ မြောင်နန်ဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့တယ်။လက်ဝှေ့သမားပေါက်စဖြစ်ပြီး တစ်နေ့မှာ ချန်ပီယံဖြစ်ဖို့အိပ်မက်ရှိတဲ့ မြောင်နန်ဟာ…အလုပ်ကြမ်းလုပ်ပြီး နေမကောင်းမကျန်းမာတဲ့ ဖခင်ဖြစ်သူကို ပြုစုစောင့်ရှောက်နေတဲ့ သမီးလိမ္မာတစ်ဦးပါ။အစကတော့ ဒေသခံတွေကို ခြိမ်းခြောက်နှင်ထုတ်ဖို့ လာခဲ့တဲ့ဖီးဂျယ်ဟာ…အပြင်ပန်းမှာတော့ ကြမ်းတမ်းရိုင်းစိုင်းပေမဲ့ ရပ်ကွက်လေးထဲက နက်ရှိုင်းတဲ့နှောင်ကြိုးတွေကို…ရှာဖွေတွေ့ရှိလာခဲ့ပြီးနောက် တဖြည်းဖြည်းနဲ့ သူ့ရဲ့စရိုက်ဟာ ပြောင်းလဲလာခဲ့တော့တယ်ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆိုင်နေရပေမဲ့ ဇွဲမလျှော့ဘဲ ကြိုးစားနေတဲ့ မြောင်နန်ကတော့…သူ့ပြောင်းလဲမှုအတွက် တစ်စိတ်တစ်ပိုင်းကနေ ပါဝင်ကူညီပေးခဲ့တဲ့လူပေါ့။ဒီလိုနဲ့ပဲ သူတို့နှစ်ဦးဘဝဟာကံကြမ္မာစပ်ခဲ့ကြတယ်။