မစ္စတာ ဘေလ်ဂလက်မန်းဆိုတဲ့ ရွေးကောက်ပွဲဝင်ပြိုင်နေတဲ့ လူကြီးမှာ…Eminem လိုလို ဘာလိုလို Rap ကို အရမ်း ရူးသွပ်ပြီး ဂန်းစတား ဖြစ်ချင်နေတဲ့…B Rad ဆိုတဲ့ လူဖြူသားလေးတစ်ယောက်ရှိပါတယ်။ ဘေလ်ဂလက်မန်းက…နိုင်ငံရေး ကမ်ပိန်းတွေ လုပ်နေတဲ့အချိန်မှာသူ့သားဖြစ်သူ Rapper ရူးက…သူ့ကမ်ပိန်းပွဲတွေမှာ အနှောက်အယှက်လို ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်…ဘေလ်ဂလက်မန်းရဲ့ ကမ်ပိန်းအဖွဲ့က လူမည်း နှစ်ယောက်ကို ငှားပြီး B Rad ကို…ရှင်းထုတ်ဖို့ကြိုးစားပါတော့တယ်။ အဲဒီ လူမည်းနှစ်ယောက်က B Rad ကို…ပြန်ပေးဆွဲတဲ့ပုံစံ ဟန်ဆောင်ပြီး လူမိုက်ရပ်ကွက်တွေထဲ ခေါ်သွားရင်း …တကယ့် ဂန်းစတား လူမိုက် အစစ်တွေနဲ့ ကြုံကြိုက်ရတဲ့အခါမှာဘယ်လို ဘာတွေ ဖြစ်ပြီး .. ဘယ်လောက် ခွီရမယ်ဆိုတာကတော့…ဇာတ်ကားထဲမှာပဲ ကြည့်ရှု ခံစားကြပါတော့။(ဒီဇာတ်ကားထဲက ဇာတ်ကောင် B Rad က 2002 ခုနှစ်က ထွက်ခဲ့တဲ့…Eminem ရဲ့ 8 Mileဇာတ်ကားထဲက B Rabbit ဆိုတဲ့ နာမည်ကို ပြက်လုံးထုတ်ထားတာဖြစ်ပါတယ်)