ကားတွေမောင်း သေနတ်တွေပစ်ပြီး အသေအကြေချတဲ့အက်ရှင် ရုပ်ရှင်ကောင်းကောင်းမျိုး ကြည့်ချင်ရင် ဒီကားကိုကြည့်ရမှာပါ။ Fast & Furious မှာ Han အဖြစ် အသိများကြတဲ့Sung Kang က ဗီလိန်အဖြစ် သရုပ်ဆောင်ထားပါတယ်။မင်းသားကတော့ Dracula Untold ထဲက Luke Evans ပါပဲ။ဇာတ်လမ်းအကျဉ်း*************မူးယစ်နှိမ်နင်းရေးအေးဂျင့် ဂျွန် လောလော်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကတိုင်ပေက ဘိန်းရာဇာ ခွမ်းကို ဖမ်းဖို့လာထောက်လှမ်းခဲ့ပေမဲ့မအောင်မြင်ဘဲ ဆုတ်ခွာခဲ့ရပါတယ်။ နောက် ၁၅ နှစ်ကြာချိန်မှာမှခွမ်းကို ဖမ်းနိုင်ဖို့ အရေးကြီးတဲ့ စာရင်းစာအုပ်တစ်အုပ်ကိုတိုင်ပေမှာ စွန့်စားပြီး သွားယူဖို့ကြုံလိုပါတယ်။အဲဒီအချိန်မှာပဲအတိတ်က အချစ်ဟောင်းနဲ့ သူမသိခဲ့တဲ့သားတစ်ယောက်ရှိနေတာကို သိလာပြီး မိသားစု ၃ ယောက်ခွမ်း ရဲ့လက်ထက်ကနေ အသက်ရှင်ဖို့နဲ့ ခွမ်းကို ဖမ်းနိုင်ဖို့ကြိုးစားကြရပါတော့တယ်။အက်ရှင်အသားပေးဖြစ်သလိုမိသားစုဒရာမာလည်းဖြစ်တာကြောင့် အတော်ကြည့်ကောင်းတဲ့ဖျော်ဖြေရေးရုပ်ရှင်ထဲမှာ ထည့်ရမှာပဲ ဖြစ်ပါတယ်။