ပြင်သစ် ဘာသာ စကားကို အထူးပြုလေ့လာနေတဲ့ ဂူဂျယ်ဟီး (Kim Go Eun) ကတော့ ဘဝကို အပူအပင်မရှိပေါ့ပေါ့ပါးပါး ဖြတ်သန်းနေပြီး ရည်းစားထားရတာကို သဘောကျတဲ့ Straight Woman ဖြစ်ပြီးသူ့ရဲ့ပွင့်လင်းတဲ့စရိုက်ကြောင့် ကျောင်းမှာလည်း မကြာခဏဆိုသလို အတင်းပြောခံရတဲ့ ကောင်မလေးပေါ့။ဂူဂျယ်ဟီးနဲ့ တစ်ကျောင်းတည်းမှာ အတူတူ တက်နေတဲ့ ဂျန်ဟွန်းဆူကတော့ လိင်တူချင်းသဘောကြသူဖြစ်ပြီးဂေးဆိုတဲ့ ဖြစ်တည်မှုကို တစ်ဘဝလုံး လျှို့ဝှက်လာခဲ့သူ ဖြစ်ပါတယ်။အဲဒီလိုနဲ့ တစ်ရက်မှာတော့ မထင်မှတ်ဘဲ ဟွန်းဆူရဲ့ လျှို့ဝှက်ချက်ကို ဂျယ်ဟီးက သိရှိသွားပါတော့တယ်။ဒါပေမဲ့ဟွန်းဆူ ကြောက်ရွံ့နေသလိုမျိုး ဂျယ်ဟီးက သူ့ရဲ့ ဖြစ်တည်မှုကို ပြက်ရယ်ပြုတာမျိုး မရှိဘဲသူ့ကို ကာကွယ်ရပ်တည်ပေးခဲ့ပါသေးတယ်။ဒီလိုနဲ့ ရင်ဘတ်ချင်းတူလို့ ဘော်ဒါဖြစ်သွားတဲ့ သူတို့နှစ်ယောက်ဟာတစ်ယောက်ကို တစ်ယောက် အကြံပေးရင်းနဲ့သူတို့နှစ်ယောက် ရှာဖွေနေတဲ့ အချစ်ကို အတူတကွ ဘယ်လိုရှာဖွေသွားမလဲဆိုတာတွေကို အခုခေတ် လူငယ်တွေမှာဖြစ်လေ့ရှိတဲ့ နေထိုင်မှုဘဝ ပြဿနာတွေကိုလက်တွေ့ဘဝမှာပါ ထင်ဟပ်အောင် ရိုက်ကူးထားတဲ့ ကားဖြစ်လို့တစ်ခါလောက်တော့ ရှုစားကြည့်ဖို့ ညွှန်းဆိုလိုက်ပါတယ်။