ဒီဇာတ်ကားမှာတော့ ပေါလ်ကာဆင်တစ်ယောက် နယူးယောက်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။နယူးယောက်မြို့အရှေ့ပိုင်းက သူငယ်ချင်းဖြစ်သူ ချာလီဆီကို အလည်အပတ် ပြန်လာတဲ့အချိန်မှာတော့ဓားခုတ်ရာလက်ဝင်လျှိုမိတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ပေါလ်ရောက်လာချိန်မှာ ချာလီကို လမ်းသရဲတွေ ရိုက်နှက်ပြီး ထားခဲ့တဲ့အချိန်ဖြစ်နေပါတယ်။ပေါလ်လက်ထဲမှာ ချာလီသေဆုံးသွားခဲ့ပြီးရဲတပ်ဖွဲ့ရောက်ရှိလာချိန်မှာတော့ ပေါလ်ကိုလူသတ်သမားလို့ ယူဆပြီး ဖမ်းဆီးသွားခဲ့ပါတော့တယ်.။ရဲစခန်းအရောက်မှာတော့ ရဲမှူးဖြစ်တဲ့ ရစ်ချတ်ရှရိုက်ကာက နယူးယောက်မြို့မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကကျော်ကြားခဲ့တဲ့ မစ္စတာ “ဗစ်ဂျီလန်တီ”ဖြစ်နေမှန်း မှတ်မိသွားခဲ့ပါတယ်။ရှရိုက်ကာက ပေါလ်ကို ထောင်ထဲမှာအရိုးမဆွေးချင်ရင် သူ့လက်အောက်မှာ လုပ်ကိုင်ဖို့ အခွင့်အရေးတစ်ခု ကမ်းလှမ်းခဲ့ပါတယ်။ဒီလိုနဲ့ပဲ ရဲတွေကို ရှောင်တိမ်းကာလုယက်သူတွေကို နှိမ်နင်းခဲ့တဲ့ “ဗစ်ဂျီလန်တီ” က ဒီတစ်ခေါက်မှာတော့ရဲလက်အောက်ကနေ လျှို့ဝှက်အမှုထမ်းရသူ ဖြစ်လာခဲ့ပါတယ်။ဒီနောက်မှာတော့ ပေါလ်ဟာ သေဆုံးသူ ချာလီရဲ့တိုက်ခန်းဆီကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။အဆိုပါဧရိယာမှာ ကြီးစိုးနေတဲ့ လမ်းသရဲဂိုဏ်းကြောင့် ပေါလ်နေတဲ့ အဆောက်အဦမှာနေထိုင်သူ သက်ကြီးရွယ်အိုတွေဟာ ကျီးလန့်စာစား နေထိုင်နေရပါတယ်။ပေါလ်အနေနဲ့သူ့ရဲ့လမ်းစဉ်အတိုင်း လမ်းသရဲဂိုဏ်းကို လုံးပါးပါးအောင် နှိမ်နင်းရင်းနဲ့ပဲထိုအသိုက်အဝန်းက လူကောင်းသူကောင်းတွေရဲ့ စောင့်ရှောက်သူတမန်တော် အဖြစ်ကို တဖြည်းဖြည်း ရောက်ရှိလာခဲ့ပါတယ်ပေါလ်ရဲ့အကြောင်းကို တစတစလူသိများလာတဲ့အခါ သူ့ရဲ့ဒုစရိုက်နယ်မြေမှာ အပြစ်မဲ့သူတွေကို လက်ခုပ်ထဲကရေလို ကျင့်သုံးလာခဲ့တဲ့ဂိုဏ်းခေါင်းဆောင် မန်နီဖရိတ်ကာနဲ့ ထိပ်တိုက်တွေ့ချိန်မှာတော့ပေါလ်ဆီကို ကံကြမ္မာဆိုးတွေက ဖိတ်စာမကမ်းဘဲ ရောက်ရှိလာပါတော့တယ်