One Second Ahead, One Second Behind HD

One Second Ahead, One Second Behind

Comedy Drama Romance HD 2023-07-07 7.5 120 Min

ကမ္ဘာမှာ သူများထက် အရာရာခြေတစ်လှမ်းသာနေသူတွေရှိသလို သူများထက် အရာရာနောက်ကျနေသူတွေလည်းရှိတယ်။ဒီဇာတ်လမ်းက အဲဒီလိုလူ(၂)မျိုးလုံးရဲ့ ဇာတ်လမ်းပေါ့။ ကမ္ဘာကြီးထက်အရှိန်လွန်သူတွေ, ကမ္ဘာကြီးရဲ့အရှိန်ကို လိုက်မမီနိုင်သူတွေ များသောအားဖြင့်တော့ ကျွန်တော်တို့က ဒီနှစ်မျိုးနှစ်စားထဲကပါပဲ။ကမ္ဘာကြီးနဲ့ထပ်တူညီတဲ့အရှိန်မျိုးဆိုတာတော့ ကမ္ဘာကလွတ်မြောက်သူတွေကမ္ဘာကိုရလိုက်သူတွေမှာပဲရှိလိမ့်မယ်။ခင်ဖုန်းသက်ဝေထဲကလို ” တဒင်္ဂဆင်းသက်လာတဲ့ နေမင်းရောင်ခြည်ဆီကို တရွေ့ရွေ့ကျောက်တုံးတွေရဲ့အားကိုးယုံကြည်မှုမျိုးနဲ့ ရှေ့ကိုချီတက်လာသူ”တွေထဲမှာကျွန်တော်တို့များပါနေမလား။အချစ်ဆိုတာရော စောစောလာလာ နောက်ကျမှလာလာ အချစ်က အချစ်ပဲဖြစ်တတ်လား။ အချိန်အခါလွဲမှားတဲ့ အချစ်ဇာတ်တွေဟာဝမ်းနည်းစရာကောင်းတတ်လားကမ္ဘာကြီးထက် အရှိန်လွန်သူတစ်ယောက်နဲ့ အရာရာမှာနောက်ကျတတ်တဲ့သူတို့က နီးစပ်ဖို့ရော အခွင့်ရှိလား။ အဖြေမရှိပါဘူး၊ အမေးတွေချည်းပဲ ဒီရုပ်ရှင်လည်း ဒီလိုပဲ။ကျွန်တော်တော့ အရာရာမှာအဖြေတွေရှိတယ်လို့ ဘယ်တော့မှ မယုံပါဘူး။ အဖြေတွေပေးခဲ့ရင်လည်း အဖြေတွေဖြစ်မလာတတ်ဘူး။ခံစားချက်ဆိုတာတွေကလည်း မေးခွန်းသက်သက်နဲ့ လည်ပတ်နေတဲ့အရာတွေလို့ယတိပြတ်သေချာတယ်။ ရုပ်ရှင်လည်း ဒီလိုသာပဲ ဒီရုပ်ရှင်ဟာ အမေးတွေတော့ ထွက်လာမယ့် ရုပ်ရှင်ပါပဲ။