မမကြီး Jennifer Lopez နဲ့ Hawaii Five-0 မင်းသား Alex O’Loughlin တို့ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဇိုဝီဟာ ဘယ်ယောက်ျားကိုမှ အလွယ်တကူမယုံတတ်တဲ့ပြဿနာရှိတဲ့အပြင်သူနဲ့အရမ်းနီးစပ်လာရင်လည်း ပြန်ပထုတ်တတ်တဲ့အကျင့်ရှိသူပါ။ယောက်ျားတော့မလိုချင်ပေမဲ့ ကလေးတော့လိုချင်ပြီးမိသားစုတစ်ခုလိုချင်တဲ့အတွက် သုက်ရည်ဘဏ်ကနေ အလှူရှင်ရှာပြီး သန္ဓေတည်အောင်လုပ်ခဲ့ပါတယ်။ဒီလိုလုပ်ခဲ့တဲ့နေ့မှာတင် စတန်နဲ့ တွေ့ခဲ့ပြီး ဇိုဝီရဲ့အချစ်အပေါ်ခံစားချက်တွေပြောင်းလဲလာခဲ့ပါတယ်။ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူ့မှာကိုယ်ဝန်ရှိနေတာသိလိုက်ရပြီးဇိုဝီကဒီကိစ္စကို စတန်ကိုပြောပြမလားစတန်ကရော ဒီအကြောင်းကိုသိရင် ဆက်နေမှာလားဆိုတာ..။Comedy Romance ဇာတ်ကားလေးမလို့ အပျင်းပြေကြည့်လို့ကောင်းပါတယ်။