ငါးမန်းကားတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် အသစ်ထွက်ရှိလာတဲ့Shark Warning ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Jaw လောက်တော့မကြမ်းပေမဲ့သူ့အနေအထားနဲ့သူရှိတဲ့အတွက်အပျင်းပြေတော့ကြည့်လို့ကောင်းမဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာကလည်း Wanda Vision တို့Hawkeye တို့လို Marvel Series တွေကိုရိုက်ကူးခဲ့တဲ့ Jimmy Gadd ဖြစ်တဲ့အတွက်ရိုက်ချက်တွေကတော့လက်ခံလို့ရတဲ့အနေအထားမှာရှိတယ်လို့ပြောလို့ရပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ အယ်လန်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။သူကလွန်ခဲ့တဲ့နှစ် ၂၀ တုန်းကသူ့မွေးရပ်မြေရဲ့ကမ်းခြေမှာ ညီဖြစ်သူ ဒန်နီနဲ့ ရေကစားနေတုန်းငါးမန်းတစ်ကောင်ရောက်ချလာပြီး ဒန်နီ့ကိုဆွဲသွားပါတော့တယ်။ အဲ့ဒီအဖြစ်အပျက်ကြောင့်ညီဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး သူ့စိတ်ထဲမှာတော့ဒါတွေအားလုံးဖြစ်ရတဲ့ အဓိကတရားခံကကလေးပဲရှိသေးတဲ့သူတို့ကိုမကြည့်ပေးဘဲ ဘီယာသောက်ဖို့ထွက်သွားတဲ့ သူ့ဦးလေးရွန်ကြောင့်ဆိုပြီးအပြစ်တင်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ နောက်နှစ် ၂၀အကြာမှာတော့ အယ်လန်က မွေးရပ်မြေကိုအကြောင်းပြချက် မယ်မယ်ရရမရှိပဲနဲ့ ပြန်လာခဲ့ပါတော့တယ်။ တိုက်ဆိုင်ချင်တော့ အဲ့ဒီအချိန်မှာငါးမန်းတစ်ကောင်ရှိနေတယ်ဆိုပြီး သတင်းကြားခဲ့ရလို့သွားကြည့်တဲ့အခါမှာ ငယ်ငယ်တုန်းကသူ့ညီကိုသတ်ခဲ့တဲ့ငါးမန်းပဲဖြစ်နေတဲ့အတွက် အယ်လန်တစ်ယောက်အဲ့ဒီငါးမန်းကိုပြန်သတ်ဖို့ကြိုးစားရင်းသူ့ဦးလေးနဲ့ သူ့ကြားကအငြိုးတွေရောပြေနိုင်ပါ့မလားဆိုတာတွေနဲ့ အဲ့ဒီမြို့ရဲ့တခြားသောစိတ်ဝင်စားစရာဇာတ်လမ်းဇာတ်ကွက်တွေကိုကြည့်ရှုရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။