ဒီဇာတ်ကားကတော့ ကမ္ဘာပေါ်မှာ မသိသူမရှိအောင် နာမည်ကြီးတဲ့McDonald’s ဟမ်ဘာဂါဆိုင် တည်ထောင်သူ Ray Kroc အကြောင်းရိုက်ကူးထားတဲ့ဖြစ်ရပ်မှန် Biography ရုပ်ရှင်ကားကြီးဖြစ်ပါတယ်အသက်၅၂နှစ်အရွယ် ယောကျာ်းတစ်ယောက်အောင်မြင်မှုရဖို့ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာကိုရိုက်ကူးတင်ဆက်ထားတာပါ….အောင်မြင်ဖို့အတွက် အသက်အရွယ်တွေက အဓိကမကျနေပါဘူးဆိုတာKFC နဲ့ McDonald တည်ထောင်သူတွေကိုကြည့်ရင် အားကျမိမှာမလို့ဒီလိုဇာတ်ကားတွေကို လူတိုင်းကြည့်ရှုသင့်ပါတယ်။