၂၀၂၀ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Singers ဆိုတဲ့ ဇာတ်ကားလေးကတော့ဂျိုဆွန်းခေတ်မှာ နယ်တကာလှည့်ပြီး သီချင်းဆိုဖျော်ဖြေတဲ့ အဆိုရှင်တွေရဲ့ဘဝကို ရိုက်ကူးပုံဖော်ထားတဲ့ Musical filmလေးပဲဖြစ်ပါတယ် .. ။ဇာတ်လမ်းအကျဉ်းကတော့ ..ဂျိုဆွန်းခေတ်ရဲ့လမ်းပေါ်က အဆိုရှင် ဟာ့ဂယူနဲ့ ဇနီးဖြစ်သူဂန်နန်, သမီးချောင်းလေးတို့မိသားစုဟာ ပြည်သူတွေကို သီချင်းနဲ့ဖျော်ဖြေပေးပြီးအသက်ဝမ်းကြောင်းပြုကာပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့မိသားစုလေးဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဆင်းရဲတဲ့ပြည်သူတွေကို ဖမ်းဆီးပြီးအတင်းအဓမ္မ အစေခံအဖြစ် ရောင်းစားတဲ့အဖွဲ့က .. ဇနီးဖြစ်သူ ဂန်နန်နဲ့ သမီးချောင်းလေးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီကိစ္စကို ဟာ့ဂယူ သိသိချင်း လိုက်ရှာမှာ သမီးဖြစ်သူကိုပြန်တွေ့ခဲ့ပေမဲ့ ဇနီးဖြစ်တဲ့ ဂန်နန်ကို မရှာနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ချောင်းလေးကထိတ်လန့်မှုကြောင့်မျက်စိကွယ်သွားခဲ့ပါတယ် ဟာ့ဂယူကလည်း ချောင်းလေးနဲ့အတူ နယ်တကာလှည့်ပြီးဂန်နန်ကို ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီတော့ ဂန်နန်ကို ရှာတဲ့အချိန် ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ပြီးဒီအခက်အခဲတွေကိုလည်း ဘယ်လိုမျိုး ဖြတ်ကျော်ခဲ့သလဲ။ဇနီးဖြစ်သူကိုရော ပြန်ရှာတွေ့နိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး ..