Feather Christmas FHD

Feather Christmas

Comedy Family Romance FHD 2024-11-11 3 94 Min

ခရစ်စမတ်ရာသီရောက်လာပြီဆိုတော့ ရင်ဘတ်ထဲမှာနွေးခနဲကျန်ရစ်ခဲ့စေမယ့် ခရစ်စမတ် ကားကောင်းလေးတစ်ကားညွှန်းပေးချင်ပါတယ်။ တိကုဆရာဝန် Martin ဟာ Single Fatherတစ်ဦးဖြစ်ပါတယ်။ ဒီနှစ်မှာလည်း သားအဖနှစ်ယောက်ခရစ်စမတ်ကို ထုံးစံအတိုင်းပဲ ဖြတ်သန်းဖိုပြင်ဆင်နေတုန်းMrs.Lay ဆိုတဲ့ အိမ်မွေးကြက်မလေးတစ်ကောင် နေမကောင်းလိုဆေးခန်းလာပြရာကနေ Robin တို သားအမိနဲ့ ဆုံစည်းဖိုဖန်လာပါတယ်။အဲ့နောက်မှာ ကလေးအချင်းချင်း ခင်မင်သွားကြပြီးဘဝခရီးသွားဖော်မဲ့နေတဲ့ သူတိုနှစ်ယောက်လည်း မြန်မြန်ဆန်ဆန်ပဲရင်းနှီးသွားကြပါတယ်။ ဒါပေမယ့် ရင်းနှီးတာကနေနီးစပ်ဖို့ဆိုတာတော့အိမ်ထောင်ပျက်စီးထားရသူအတွက် အတားအဆီးတွေ မာနတွေနဲ့အထင်သေးမခံလိုစိတ်တွေက ကာရန်တားဆီးထားပါတယ်။အကြီးဆုံးအတားအဆီးကတော့ မိဘဖြစ်လာပြီဆိုရင်သားသမီးကတစ် သားသမီးက နှစ်ဖြစ်လာတဲ့အတွက် ကိုယ့်ဘဝနဲ့ ပျော်ရွှင်မှုကိုဦးစားမပေးနိုင်တော့တာပါပဲ။ဒီကားလေးမှာလဲ နှလုံးသားနဲ့နှလုံးသွေးကဖြစ်လာတဲ့ရင်နှစ်သည်းချာအတွက်ဆိုတဲ့ကိစ္စတွေအကြား လွန်ဆွဲပွဲနဲ့ဒါကိုဘယ်လို တွေးခေါ်ခံယူပြီး ဖြေရှင်းသွားမလဲဆိုတာကိုခံစားကြည့်ရှုရမှာဖြစ်ပါတယ်။