Mrit HD

Mrit

Horror HD 2023-04-04 3 54 Min

ဒီကားကတော့ အေးအေးလေးနဲ့ကို ချောက်ချားစရာတွေအပြည့်နဲ့ပါ လူမိသွားမလားဆိုတဲ့ ခံစားချက်ကိုလည်းဇာတ်ကားထဲကညဘက်ရောက်လာတိုင်းခံစားရမှာပဲဖြစ်ပါတယ်မြို့မှာတက်နေရင်း ရွာကအမေခေါ်လို့ ရိုမာတစ်ယောက် မွေးရပ်မြေပြန်ဖို့အကြောင်းဖန်လာခဲ့တယ်ရည်းစားလေးကိုပါ မိဘတွေနဲ့မိတ်ဆက်ပေးချင်တာကြောင့်လိုက်ခဲ့ဖို့ခေါ်တော့သူ့ကောင်လေးချီရာ့ဂ်ကလည်း ရာဇဝတ်ဂိုဏ်းနဲ့ ခြေရှုပ်မိထားတာကြောင့်အတူလိုက်ခဲ့ဖို့ဖြစ်လာပါတယ်ရွာဆိုတော့ ဖုန်းလိုင်းလည်းမကောင်းဘူးပေါ့ ငှက်တွန်သံတွေနဲ့အေးချမ်းပေမဲ့အိမ်ထဲစဝင်တည်းက ချီရာ့ဂ်က ထူးဆန်းတဲ့အနံ့ရခဲ့ပါတယ် ထူးထူးဆန်းဆန်းသူပဲရနေတဲ့အနံ့ပါ အိမ်က ခြံစောင့် အိမ်ဖော်တွေကလည်းအပြောကတော့ဖော်ရွေပေမဲ့ မျက်နှာစိမ်း အကြည့်စိမ်းတွေနဲ့ပဲကြည့်ကြတာပါစပ်စုတတ်တဲ့ချီရာ့ဂ်ဖို့ ညဘက်ရောက်တိုင်း ဒီအနံ့ကိုလိုက်ရှာရင်းတိတ်ဆိတ်ငြိမ်သက်နေတဲ့အိမ်ကြီးမှာသူဘာတွေကြုံတွေ့သွားမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်