Builder Boys HD

Builder Boys

Comedy Drama HD 2024-07-05 8.3 122 Min

အသစ်ထွက် ဂူဂျာရတ်စကားပြောဟာသဒရာမာရုပ်ရှင်ကောင်းလေးတစ်ခုကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အိမ်ခြံမြေ ပွဲစားလုပ်နေတဲ့ ဗီရာ့ဂျ်နဲ့ဆောက်လုပ်ရေးဆေဗယ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ချင်မိုင်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။သူတို့ထဲမှာ ချင်မိုင်က တခြားလူဆီမှာ လခစားလုပ်နေရတာဖြစ်ပြီးပွဲစားလေး ဗီရာ့ဂျ်ကတော့ တစ်နေ့နေ့မှာ သူငယ်ချင်းတွေနဲ့ပေါင်းပြီးကန်ထရိုက်တိုက်ဆောက်ဖို့ အင်မတန်စိတ်သန်နေသူဖြစ်ပါတယ်။တစ်နေ့မှာ ဗီရာ့ဂျ်ဟာ သူ့ရဲ့ ကျောင်းနေဖက်ဖြစ်တစ်ယောက်ဖြစ်တဲ့ဘာဘလူနဲ့ အဆက်အသွယ်ရခဲ့ပြီး ဘာဘလူက သူ့အဖေရဲ့မြေကိုရောင်းပေးဖို့ အကူအညီတောင်းလာတဲ့အချိန်မှာတော့ ဗီရာ့ဂျ်ကဘာဘလူကိုပါ စည်းရုံးပြီး ကန်ထရိုက်တိုက် ဆောက်နိုင်ဖို့စိတ်ကူးကိုအကောင်အထည်ဖော်ဖို့ကြိုးစားပါတော့တယ်။သူတို့သူငယ်ချင်းသုံးယောက် ကန်ထရိုက်တိုက် ဆောက်နိုင်သွားမှာလား၊ဘယ်လိုအလှည့်အပြောင်းတွေ ကြုံတွေ့ရမှာလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ အားလုံး မြင်ကြရမှာပါ…။