မင်းသားကြီး Russell Crowe နဲ့ မင်းသမီး Caren Pistorius တို့ရဲ့ သွေးအေးဖိုက်တာကားပါ။Action/Thriller လို့ ပြောပေမယ့် ဆိုက်ကို ဟော်ရာ ကားလိုပဲ ခံစားရပါတယ်။ဇာတ်လမ်းကတော့ ကားလမ်းမ ပေါ်က ရန်ပွဲတစ်ခုကနေ စတာပဲ။လမ်းပေါ်မှာ ကားသမားချင်း ကတော်ကဆ ဖြစ်ကြတာကို ခဏခဏ ကြုံဖူးကြမယ်ထင်ပါတယ်။စကားများရုံရှိတယ်၊ ရိုက်ကြတာ ရှိမယ်၊ သေကြေကုန်တဲ့အထိ ရှိဖူးပါတယ်။ဒါပေမယ့် ဒီတစ်ခါ ဖြစ်တာကတော့ အဲဒါထက်အများကြီးဆိုးပါတယ်။သည်းထိပ်ရင်ဖိုကြိုက်တဲ့အတွက်တော့ လုံးဝလက်လွတ်မခံသင့်တဲ့ရုပ်ရှင်ကားကြီးပါပဲ။