ခရစ်ရှနာလို့ခေါ်တဲ့ကောင်လေးဟာ ပိုက်ဆံချမ်းသာတဲ့အသိုင်းအဝိုင်းမှာမွေးဖွားလာခဲ့ပြီးတော့ မိသားစုက ဖူးဖူးမှုတ်မတတ်ချစ်တာကိုခံရတဲ့ကောင်လေးတစ်ယောက်ပေါ့။ခရစ်ရှနာတစ်ယောက် အရွယ်ရောက်လာတော့ မိဘတွေကအိမ်ထောင်ချပေးဖို့အိမ်ထောင်ဖက်ရှာပေးတဲ့အချိန်မှာတော့အဖေကသဘောကျရင် အမေက သဘောမကျ၊ ဦးလေးကသဘောကျရင် အဒေါ်က သဘောမကျနဲ့ သူ့မှာအိမ်ထောင်ဖက်ပေါင်းများစွာကို ပွဲစားအများကြီးနဲ့ရှာခဲ့ပေမယ့်လူကြီးတွေအကုန်လုံး လက်ခံနိုင်တဲ့ သတို့သမီးလောင်းလျာလေးကိုရှာမတွေ့တဲ့အတွက် အချိန်တော်ကြာရင် လူပျိုသိုးကြီးအဖြစ်ကို ရောက်ရပါတော့မယ်။ဒီလိုနဲ့ အိမ်က လူကြီးတွေကို အားမကိုးတော့ပဲကိုယ်တိုင် အိမ်ထောင်ဖက်ကို ရှာဖွေဖို့ လုပ်တဲ့အခါမှာတော့ ……..ကောင်မလေးတစ်ယောက်နဲ့ တွေ့ပြီးတော့ အဲဒီကောင်မလေးကိုမြင်မြင်ချင်း ချစ်မိလို့သွားပါတော့တယ်။ကောင်မလေးရဲ့ နောက်ခံကို စုံစမ်းကြည့်လိုက်တဲ့အချိန်မှာတော့ကောင်မလေးနာမည်က ပရာနယာဖြစ်ပြီး မိဘမဲ့ကျောင်းလေးကိုဖွင့်ထားတယ်ဆိုတာကို သိလိုက်ရတဲ့နောက်မှာတော့ဒီကောင်မလေးရဲ့ အချစ်ကို ကြိုးစားဖို့အတွက် ခရစ်ရှနာတစ်ယောက် ဘယ်လိုတွေ ကြိုးစားသွားမလဲ ……..ခရစ်ရှနားရဲ့ အချစ်ရေးလမ်းကြောင်းမှာ ဘယ်လို အတားအဆီးတွေ ကြုံပြီးတော့ဘယ်လိုတွေဖြတ်ကျော်သွားမလဲ….ဆိုတာကို ကြည့်ရှုရမယ့် အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပါတယ်။