The Hidden Web HD

The Hidden Web

Thriller HD 2023-09-01 5.4 101 Min

ဒီကားကတော့ 2023 ခုနစ်ကထွက်ထားတဲ့ ပိုလန်လျှို့ဝှက်ဆန်းကျယ်ဇာတ်ကားလေးပါ။အဓိက သရုပ်ဆောင်တွေအနေနဲ့ ကတော့ ပိုလန်နာမည်ကြီး မင်းသားမင်းသမီး တွေဖြစ်တဲ့ Magdalena Kolesnik ,Andrzej Seweryn , Piotr Trojan တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးဒါရိုက်တာကတော့ Piotr Adamski ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းJulia Wójcicka ဆိုတဲ့ သတင်းထောက်မလေးက နာမည်ကြီးတီဗီအစီအစဉ်တင်ဆက်သူတစ်ယောက်ရဲ့ သေဆုံးမှုဟာအာဏာပိုင်တွေကြေညာခဲ့သလို မတောတဆ သေဆုံးမှုမဟုတ်ပဲ သေသေချာချာစီစဉ်ထားခဲ့တဲ့ ကျူးလွန်မှုတစ်ခုဖြစ်တယ်ဆိုတာကို ယုံကြည်ခဲ့တဲ့အတွက် စုံစမ်းဖို့ဖြစ်လာပါတော့တယ်။အမှန်တရားကို ရှာဖွေတွေ့ရှိဖို့ နီးကပ်လာတာနဲ့ အမျှ Julia ကိုပါအသက်အန္တရာယ်ဖြစ်လာစေပါတော့တယ်။တစ်စုံတစ်ယောက်က သူမကို အမြဲစောင့်ကြည့်နေပြီးတော့Julia ရဲ့ ရှက်စရာလျှို့ဝှက်ချက်များကိုပါ သိထားကာ သူမရဲ့လှုပ်ရှားမှုများကိုပါ ကြိုတင်သိရှိနေခဲ့ပါတယ်။နောက်ထပ်သားကောင်တစ်ယောက် မဖြစ်လာဖို့အတွက် Julia ဟာလဲဖုံးကွယ်ထားတဲ့ဆိုင်ဘာကွန်ရက် ထဲကို ဝင်ရောက်လာဖို့ ဖြစ်လာပြီးတော့သူမ မထင်မှတ်ထားတဲ့ လျှို့ဝှက်မှုတွေကို သိလာတဲ့ အခါမှာတော့ ဘယ်လိုတွေဆက်ဖြေရှင်းသွားမလဲ ဆိုတာစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။