Pimpinero: Blood and Oil FHD

Pimpinero: Blood and Oil

Action Crime Drama FHD 2024-10-10 6.5 132 Min

ရေနံတို့ ရေနံကိုသန့်စင်ပြီးရလာတဲ့ဓာတ်ဆီတို့ဆိုတာကကမ္ဘာပေါ်မှာ စိန်တွေရွှေတွေထက်တောင် ပိုတန်ဖိုးကြီးတဲ့အရာတွေလို့ပြောလို့ရပါတယ်။ဒါပေမယ့်အဲ့လိုတန်ဖိုးကြီးတဲ့အရာတွေကို တန်ဖိုးနည်းနည်းနဲ့ရလာတဲ့အခါမှာတော့လောဘသားကောင်တို့ရဲ့ မျက်စောင်းထိုးခြင်းကိုခံလာရတော့မှာအသေအချာပါပဲ။ပြောရင်ယုံမလားတော့မသိပေမဲ့ ၂၀၁၂ ခုနှစ်တုန်းက ဗင်နီဇွဲလားနိင်ငံက တစ်ကမ္ဘာလုံးမှာဓာတ်ဆီစျေးအပေါဆုံးနိုင်ငံဖြစ်ခဲ့ဖူးပါတယ်။နိုင်ငံတွင်းမှာသာစျေးပေါနေပေမဲ့ ဗင်နီဇွဲလားနဲ့ကပ်ရပ် ကိုလံဘီယာနယ်စပ်မှာတော့ အဲ့ဒီဓာတ်ဆီရဲ့တန်ဖိုးကိုပဲအဆ ၆၀ ပေးခဲ့ရပါတယ်။အဲ့ဒါကြောင့်ပဲအကွက်ကောင်းဆိုချောင်းနေတဲ့မှောင်ခိုသမားတွေအတွက် ဗင်နီဇွဲလားမှာဓာတ်ဆီသွားယူပြီး နယ်စပ်ကိုပြန်ပို့ရတာကအလုပ်တစ်ခုဖြစ်လာပါတော့တယ်။အခုတင်ဆက်ပေးမဲ့ Pimpinero:Blood And Oilဆိုတဲ့ဇာတ်ကားကလည်း အဲ့ဒီအဖြစ်အပျက်တွေကိုအခြေခံ စိတ်ကူးပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး လက်ရှိ IMDb Rating 5.7 အထိရရှိထားပါတယ်။အထက်မှာပြောခဲ့တဲ့ဆီမှောင်ခိုသမားတွေထဲမှာ ဟွမ်အူလစ်စ်နဲ့မိုးဆက်တို့ညီအစ်ကို ၃ ယောက်တို့ရဲ့ဆီမှောင်ခိုအဖွဲ့ကနာမည်ကြီးပါပဲ။ဒါပေမယ့် ဒီလိုဒုစရိုက်လောကတွေထဲမှာအပြိုင်အဆိုင်တွေများတဲ့အတွက်ကျောထောက်နောက်ခံသိပ်မရှိတဲ့သူတို့အဖွဲ့ကသိပ်မကြာခင်မှာပဲ အဖွဲ့ဝင်တွေနည်းလာပြီး ပြိုကွဲသွားတဲ့အထိဖြစ်လာခဲ့ပါတော့တယ်။ပျော်ရာထက်တော်ရာကိုသွားရမယ်ဆိုတဲ့အတိုင်းသူတို့ထဲကထွက်သွားတဲ့အဖွဲ့တွေက အဲ့ဒီလောကထဲမှာအကြီးဆုံးဖြစ်တဲ့ကာမယ်လိုဦးဆောင်တဲ့အဖွဲ့ကိုပြောင်းရွှေ့သွားခဲ့ပါတော့တယ်။အဲ့ဒီထဲမှာ ညီအစ်ကို ၃ ယောက်ထဲကအလတ်ကောင်အူလစ်စ်လည်းအပါအဝင်ဖြစ်ပြီး အကြီးဆုံးဖြစ်တဲ့မိုးဆက်ကတော့မှောင်ခိုအလုပ်တွေဆက်မလုပ်တော့ပဲ ဘ၀ကိုအေးအေးဆေးဆေးဆက်လက်ဖြတ်သန်းဖို့ဆုံးဖြတ်ခဲ့ပါတယ်အငယ်ဆုံးလေးဟွမ်ကတော့ဒါတွေကိုလုံး၀လက်မခံနိုင်ဖြစ်ပြီး သူ့ကောင်မလေးနဲ့အတူ နှစ်ယောက်တည်း စိတ်တူကိုယ်တူ ဆီမှောင်ခိုဆက်ကူးဖို့လုပ်ခဲ့ရာကနေပြဿနာတွေတက်လာပြီးကာမယ်လိုနဲ့မဖြစ်မနေပတ်သတ်လာရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို စိတ်ဝင်စားစရာရှုစားရဦးမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။