ယူဂျီးနီးစ်လို့ခေါ်တဲ့ ကောင်မလေးဟာအရင်တုန်းက ငယ်ရွယ်ဖျတ်လတ်တဲ့ မိန်းမလေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ သူ့ကို ရည်းစားက ပစ်သွားပြီးတဲ့နောက်မှာကံဆိုးမှုတွေကို ဆက်တိုက်ကြုံခဲ့ရတယ်။ဘဲပစ်ခံရပြီးနောက်မှာ အလုပ်ပြုတ်တယ်၊ ခွေးပျောက်တယ်၊ အခန်းဖော်က ထားသွားတယ်။အဲဒီလို ဆောက်တည်ရာမရဖြစ်နေတဲ့ ယူဂျီးနီးစ်ဟာ ကိုယ့်ကိုယ်ကိုယ်ပြန်တည်ဆောက်ဖို့ကြိုးစားရင်းနဲ့ ယူကျုတို့ အင်စတာဂရမ်တို့မှာဗွီဒီယိုတွေတင်တဲ့ ကွန်းတန့်ဖန်တီးသူအဖြစ် ရပ်တည်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အစပိုင်းမှာ ယူဂျီးနီးစ်ဟာ သူ့ကို ဖော်လိုလုပ်သူဆိုလို့ နာတာလီယာဆိုတဲ့သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပဲရှိရာကနေ ဖော်လိုဝါတွေမူးစုပဲစုရှာရင်း တဖြည်းဖြည်း အောင်မြင်ပြီးအင်ဖလူရန်ဇာတစ်ယောက်ဖြစ်လာပုံကို ပရိသတ်တွေစိတ်အားတက်ဖွယ်ဖြစ်အောင် ဒီမက္ကဆီကန်ရုပ်ရှင်လေးထဲမှာ ပေါ့ပေါ့ပါးပါးပုံဖော်ပြထားပါတယ်…။