All About the Benjamins HD

All About the Benjamins

Action Comedy Adventure HD 2002-03-08 5.9 95 Min

ဒီဇာတ်ကား‌လေးကတော့ West Coast ဆရာကြီး Ice Cube ရဲ့ action ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Tyson Bucum လို့ခေါ်တဲ့ Bounty hunter တစ်ယောက်ဟာ တစ်နေ့ ReggieWright လို့ခေါ်တဲ့ သူခိုးတစ်ယောက်ကိုလိုက်ဖမ်းရင်း နှစ်ကောင်သား စိန်ခိုးဂိုဏ်းတစ်ခုအကြောင်းကိုသိသွားခဲ့ပါတယ်။ဖြစ်ချင်တော့ စိန်ခိုးဂိုဏ်းခိုးလာတဲ့စိန်တွေကအတုတွေပါ။ Reggie ကလည်းသန်းခြောက်ဆယ်တန် ထီလက်မှတ်ပေါက်ထားပေမယ့် ထီလက်မှတ်က စိန်ခိုးဂိုဏ်းဆီပါသွားတဲ့ ပိုက်ဆံအိတ်ထဲရောက်သွားတော့ သူ့ကိုလိုက်ဖမ်းနေတဲ့ Tyson Bucum ကိုစည်းရုံးပြီးစိန်ခိုးဂိုဏ်းကိုဖမ်းကြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ Black Leading actor တွေပါတဲ့အလျောက်ဆဲသံဆိုသံကတော့ တစ်ကားလုံးတစ်ညံ့ညံ့နဲ့ကြည့်ရမှာဖြစ်ပါတယ်။စကားများတဲ့လူပိန်လေး Reggie နဲ့ လူရိုးတုတ်ရိုက် Bucum တို့နှစ်ယောက် ဘယ်လိုမျိုးအလွဲတွေနဲ့အတူ နှစ်ပါးသွားကြမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ Bad Boysဇာတ်လမ်းမျိုးသဘောကျတဲ့သူတွေအတွက်တော့ ရွေးချယ်စရာဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။