Sirocco and the Kingdom of Winds HD

Sirocco and the Kingdom of Winds

Family Fantasy Adventure Animation HD 2023-12-13 8.4 80 Min

ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ကာတွန်းကားလေးကတော့ ပြင်သစ်ကာတွန်းကားလေးဖြစ်ပြီးStuttgart Festival for Animated Film 2024 ပွဲတော်မှာဆုရရှိထားတဲ့ ကာတွန်းကားလေးဖြစ်ပါတယ်။ပြင်သစ်ဒါရိုက်တာဖြစ်သူ Benoît Chieux ဖန်တီးပုံဖော်ထားတဲ့လက်ရာဖြစ်ပြီးတော့ဂျပန်အန်နီမေးရှင်းကားတစ်ကားဖြစ်တဲ့ Yellow Submarine ကိုမှီငြမ်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။Box officeအနေနဲ့လည်း $902,063ရရှိထားတဲ့ကာတွန်းကားကောင်းလေးဖြစ်ပါတယ်။ကာမန်နဲ့ ဂျူလိယက်တို့ ညီအစ်မနှစ်ယောက်ဟာ အမေဖြစ်သူအလုပ်မအားတဲ့အချိန်မျိုးဆိုရင်အမေ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူ အန်တီအာညက်စ်ဆီမှာ သွားပြီးတော့ နေရပါတယ်။အာညက်စ်ကတော့ စာရေးဆရာမဖြစ်ပြီးတော့ ကာမန်တို့ညီအစ်မနှစ်ယောက်ကိုလည်း အရမ်းချစ်ပါတယ်။ဂျူလိယက်ရဲ့ အသက်၅နှစ်ပြည့်မွေးနေ့ကိုရောက်တဲ့အချိန်မှာတော့ မွေးနေ့ပွဲကို လုပ်ပေးခဲ့ပေမယ့်ထုံးစံအတိုင်း အမေဖြစ်သူက မအားတဲ့အခါမှာ အာညက်စ်ဆီကို ဂျူလိယက်တို့ ညီအစ်မနှစ်ယောက်‌ ရောက်လာရပါတော့တယ်။ဒီအခါမှာတော့ အာညက်စ်ဟာလည်း တစ်ညလုံးစာရေးထားတဲ့အတွက် အရမ်းအိပ်ချင်နေလို့ကလေးနှစ်ယောက်ကို ခဏလောက် နှစ်ယောက်တည်းဆော့နေဖို့ပြောပြီး တစ်ရေးတမောအိပ်ပါတော့တယ်။အကြီးမကာမန်ကတော့ အာညက်စ်ကိုနားလည်ပေးနိုင်ပေမယ့် အသက်၅နှစ်ပဲရှိသေးတဲ့ဂျူလိယက်ကတော့သူနဲ့ဆော့မပေးတဲ့အတွက် ဂျီကျပြီး သောင်းကြမ်းပါတော့တယ်။ ဒီအချိန်မှာပဲ အာညက်စ်ဖတ်ပြနေကြဖြစ်တဲ့“လေတိုင်းပြည်” စာအုပ်ထဲကနေ သစ်သားရုပ်လေးတစ်ရုပ်ထွက်လာပါတော့တယ်။ဒီအရုပ်လေးနဲ့အတူ ဂျူလိယက်တို့ညီအစ်မနှစ်ယောက် လေတိုင်းပြည်ကိုတကယ်ရောက်သွားပြီး ကြောင်လူသားလေးတွေဖြစ်သွားတဲ့အခါမှာတော့ …….လေတိုင်းပြည်ထဲရောက်သွားတဲ့ ညီအစ်မနှစ်ယောက် ဘယ်လိုတွေ ကြုံတွေ့ရမလဲ …….လေတိုင်းပြည်ထဲက အထီးကျန်ဝမ်းနည်းမှုတွေပြည့်နေတဲ့ စီရိုကိုဆိုတဲ့ မှော်ဆရာနဲ့ရော ဘယ်လိုတွေ ပတ်သက်ကြဦးမလဲ ……လေတိုင်းပြည်ထဲကနေ အပြင်ကမ္ဘာကို ပြန်ပြီးထွက်လာနိုင်ကြမှာလား…..ဆိုတာတွေကို ကြည့်ရှုရမယ့် Adventure ဆန်ဆန် ကာတွန်းကားလေးဖြစ်ပါတယ်။