ကစားပွဲလေးက ကြိုဆိုလိုက်ပါတယ်…အမြဲတမ်း လောင်းကစားဆိုနိုင်နေတဲ့ ပန်ကာထိပ်က ဝက်အူ လုဖေးတစ်ယောက်…အချီကြီးရှုံးသွားတဲ့ကစားပွဲတစ်ခုကို ပုံဖော်တင်ဆက်ပေးထားတဲ့ကားလေးတစ်ကားပါ…အားလုံးသိမှာပါ လောင်းတယ်ဆိုတဲ့ ကစားပွဲမှာ…လောင်းတာက ငွေမဟုတ်ပါဘူး…စိတ်ကိုပါ….အလျော်အစားတော့ကြီးတာပေါ့…လုဖေးတစ်ယောက်က ကာစီနိုတွေမှာ အချဉ်ဖမ်းနေကြသူတစ်ယောက်ပေါ့…တစ်နေ့ သူအချဉ်ဆိုပြီး ၁၀ သိန်းနဲ့လောင်းလိုက်မိတာ… သူရှုံးသွားခဲ့ပါတော့တယ်…ဒီလိုနဲ့ ၆ ရက်အတွင်း သူအကြွေးမဆပ်နိုင်ရင်ကလီစာထုတ်ရောင်းခံရမယ့်အခြေအနေရောက်နေတာပေါ့…ဒီတော့ လုဖေးလည်း ဒီအကြွေးကိုဆပ်ဖို့နောက်ထပ် ကစားပွဲတစ်ခုကို လောင်းကြေးထပ်ခဲ့ပါတယ်…ဒါကတော့ သူ့အကြွေးရှင်ရဲ့သမီးကို ပြန်ပေးဆွဲတာပါပဲ…ဟုတ်ပါတယ်… လုဖေးတစ်ယောက် နေရင်းထိုင်ရင်း သူဌေးသမီးတစ်ယောက်ကို ကောက်ရပြီး…အဲ့သူဌေးသမီးက အကြွေးရှင်သမီးဖြစ်နေတာကြောင့်….ပြန်ပေးဆွဲယောင်ဆောင်ပြီး ရတဲ့ငွေနဲ့ အကြွေးပြန်ဆပ်ဖို့မဟာစီမံကိန်းကြီးရေးဆွဲပြီး ကစားပွဲကို စကပါတော့တယ်….သူ့အစီစဉ်တိုင်းအောင်မြင်မှာလား….ဒီကစားပွဲက ဘယ်သူက ကစားသမားလဲ…ဘယ်သူက နယ်ရုပ်လဲဆိုတာကတော့…အတူ ကြည့်ပြီး ဖော်ထုတ်ကြတာပေါ့ စုံထောက်တို့ရေ…