Lucky Baskhar HD

Lucky Baskhar

Crime Drama Thriller HD 2024-10-30 7.3 150 Min

အိန္ဒိယရုပ်ရှင်ချစ်သူတို့ စောင့်မျှော်နေကြတဲ့ဇာတ်လမ်းကောင်းဆိုတာမျိုးကိုတင်ဆက်ပေးလိုက်ပါတယ်။တလေဂူးရုပ်ရှင်…။တောင်ပိုင်းမင်းသား ဒူလ်ကာဆာလ်မန်ရဲ့ ၃၂ကားမြောက်ရုပ်ရှင်။မင်းသမီးအနေနဲ့ကတော့ တောင်ပိုင်းမင်းသမီးချော မီနာ့ခ်ရှီချောင်ဒရီပါဝင်ထားပါတယ်။ဘာစကာ…။မာဂါဒါဘဏ်က ငွေကိုင်တစ်ယောက်။လက်ထောက်မန်နေဂျာရာထူးနေရာကို လျာထားခြင်းခံရတဲ့သူ။ရပ်ကွက်ထဲမှာ လက်ညှိုးထိုးမလွဲ အကြွေးရှင်တွေပေါများလှတဲ့သူ။လူဆင်းရဲမျက်နှာမွဲမို့ လင်မယားနှစ်ယောက်လုံးယောက္ခမဘက်က အနှိမ်ခံထားရတဲ့သူ။တစ်နေ့မှာတော့ စီဘီအိုင်ကနေ ခေါ်ယူစစ်ဆေးမေးမြန်းခြင်း ခံရပါတော့တယ်။မွဲတေနေပြီး အတော်ဆုံးဝန်ထမ်းဆု သုံးကြိမ်တိုင်တိုင်ရထားတဲ့သူကဘာလို့ စီဘီအိုင်အဖွဲ့ကြီးရဲ့ ခေါ်ယူစစ်မေးခြင်းခံရလဲဆိုတာတော့ ဆက်လက်ကြည့်ရှုကြပါဦး။