My Sassy Girl ထဲမှ Cha Tae Hyun ၊ Bad Guys: City of Evil ထဲမှ Park Joong Hoon တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ရယ်လည်း ရယ်ရ အက်ရှင်ကားဆန်ဆန်လေးလည်းကြည့်ရှုရမဲ့ comedy action ဖြစ်တဲ့ Two Guys ရုပ်ရှင်ကို CM ပရိသတ်ကြီးတို့အတွက်တင်ဆက်ပေးလိုက်ပါတယ်ရှင်။ဇာတ်လမ်းအညွှန်း-ဂင်ဟွန်း ( Cha TaeHyun) ဟာ အကြွေးတွေထူပြီးအကြွေးရှင်တွေဆီကနေပုန်းရှောင်နေရတဲ့ နာမည်ကြီး အကြွေးထူတဲ့ ကောင်လေးတစ်ယောက်ပေါ့။ငွေတိုးချေးစားသူတစ်ယောက်ဟာ ဂင်ဟွန်းဆီက အကြွေးကို ပြန်တောင်းပေးဖို့ဘတ်ဂျွန်ထယ် (Park JoongHoon) ကို ငှါးရမ်းခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲ ဘတ်ဂျွန်ထယ်နဲ့ ဂင်ဟွန်းတို့နှစ်ယောက်သားတွေ့ဆုံမိပြီး တစ်နေ့မှာထူးဆန်းတဲ့အိတ်တစ်လုံးကြောင့် လူသတ်မှုတစ်ခုကိုမျက်မြင်ကြုံတွေ့လိုက်ရတဲ့အပြင်ထိုအိတ်ကိုလည်း လိုချင်နေတဲ့ အဖွဲ့တစ်ခုနှင့်လည်း ရင်ဆိုင်ရတဲ့အခါမှာတော့…ဂင်ဟွန်းနဲ့ ဘတ်ဂျွန်ထယ်တို့ နှစ်ယောက် ဘယ်လိုတွေ ဒုက္ခများကြမလဲ..ပွက်လောရိုက်ကြမလဲ..အိတ်ကို လိုချင်နေတဲ့အဖွဲ့ရဲ့လက်ထဲကနေရော ဘယ်လို လွတ်အောင် ထွက်ပြေးကြမလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ရှုစားကြည့်လိုက်ပါဦးနော်။