Mortal World 2 HD

Mortal World 2

Action Comedy Crime HD 2023-12-01 6.3 117 Min

အတွဲတစ်မှာတုန်းက review ကောင်းကောင်းလေးတွေရထားတဲ့Mortal World တူရကီမှုခင်းဟာသရုပ်ရှင်ဟာဆိုရင်ဒီတစ်ခါမှာတော့ မတူညီတဲ့ပုံစံတွေနဲ့ ပရိသတ်ရင်ကို ဆွဲဆောင်သွားမှာပဲဖြစ်ပါတယ်။မာမာမိသားစုဟာ ဥပဒေလိုက်နာတဲ့ မိသားစုအနေနဲ့ သာမန်ဘဝလေးမှာ နေထိုင်နေကြပါတယ်။ဒါပေမဲ့ မိသားစုဝင်တိုင်း တစ်ယောက် အပူတစ်ခုစီနဲ့ပါ။ ဆာဟန်က ကိုယ်ဝန်ရှိနေတဲ့သူ့မိန်းမနဲ့ အမြန်ရန်တကျက်ကျက်ဖြစ်နေပြီး ဆာဟတ်ကတော့ တစ်စုံတစ်ယောက်သောသူကိုလွမ်းဆွတ်ကာ အထီးကျန်နေပါတယ်။ဒီလိုအပူကိုယ်စီနဲ့ သူတို့ဆီကို အပူပေါ်အပူဆင့်ဆိုသလိုပြဿနာအကြီးကြီးတစ်ခု ရောက်လာပါတော့တယ်။အဲဒါကတော့ ဇက်ဖီတစ်ယောက် အန္တရာယ်များတဲ့အဖွဲ့အစည်းတစ်ခုဆီမှာ ပြန်ပေးဆွဲခံလိုက်ရတာပါ။ဇက်ဖီကိုကယ်ဖို့အတွက် ဂါဇန်ဖာဟာသူ့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်ကို အကူအညီတောင်းရပါတော့တယ်။အန္တရာယ်များလွန်းတဲ့ အော်ပရေးရှင်းတစ်ခုဖြစ်တာကြောင့် မိသားစုဝင်တွေကြားလက်ရှောင်ချင်တဲ့သူနဲ့ ကြောက်လန့်နေတဲ့သူနဲ့ စသဖြင့် စိတ်ဝမ်းကွဲနေကြပါတယ်။ဂါဇန်ဖာတစ်ယောက် စည်းလုံးမှုပြိုကွဲနေတဲ့ သူမိသားစုကို ဖျောင်းဖျနိုင်ပါ့မလား။ဇက်ဖီကိုရော သူတို့ကယ်တင်နိုင်ပါ့မလားဆိုတာ…