ဒါလီဇာတ်ကားဟာ ၂၀၂၃ ခုနှစ်ထွက် ပြင်သစ်ဟာသရုပ်ရှင်ဖြစ်ပြီးအိပ်မက်ဆန်ဆန်သရုပ်ဖော်မှုကို ဦးစားပေးသည် ၁၉၂၀ ဝန်းကျင်မှအနုပညာရှင် ဆေလ်ဗာဒေါဒါလီအကြောင်းကို အတ္ထုပ္ပတ္တိကိုအစစ်အမှန်နဲ့အမှားရောပြီး ရိုက်ကူးဖော်ပြထားတယ်လို့ သိရပါတယ်။ဇာတ်လမ်းလေးကတော့ ..ပြင်သစ်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဂျူဒစ်ဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်ကနာမည်ကြီး စပိန်အနုပညာရှင် ဆေလ်ဗာဒေါဒါလီနှင့် တွေ့ဆုံ၍မှတ်တမ်းရုပ်ရှင်ပရောဂျက်အတွက် အကြိမ်များစွာကြိုးစားခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ပထမဆုံးအကြိမ် အင်တာဗျူးဖို့ ချိန်းဆိုခဲ့တဲ့အခါမှာတော့အင်မတန်နာမည်ကြီးသလို အင်မတန်မှလည်းချေလှပါသောအနုပညာရှင်ကြီးက ရုပ်ရှင်ကင်မရာမပါဘဲစာရွက်နဲ့ဘောပင်နဲ့တင် အင်တာဗျူးမယ်ဆိုလို့ ချက်ချင်းထပြန်သွားပါတယ်။အဲဒီနောက်မှာတော့ ဂျူဒစ်က ဒါလီ့ကို အင်တာဗျူးခွင့်ရဖို့အတွက်ပုံစံမျိုးစုံနဲ့ ကြိုးစားချဉ်းကပ်ပါတော့တယ်။နာမည်ကြီးသလောက် အကောင်းတကာ့အကောင်းဆုံးကိုမှ ရွေးချယ်တတ်တဲ့ဒါလီ့ကို ပြင်သစ်မလေး ဂျူဒစ်က အောင်မြင်စွာပဲ အင်တာဗျူးခွင့်ရပါ့မလားဆိုတာကိုတော့….