ဒီဇာတ်လမ်းလေးက 1950s အစောပိုင်းကာလမှာ Czechoslovakia က ကွန်မြူနစ်အစိုးရကို ဆန့်ကျင်တဲ့ တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့Mašín ညီအစ်ကိုတွေဖြစ်တဲ့ Josef နဲ့ Ctirad ရဲ့ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး Mašín ညီအစ်ကိုနှစ်ယောက်က အနောက်တိုင်းတပ်ဖွဲက လွတ်လပ်ရေးရအောင် လုပ်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့လက်နက်ကိုင်လုယက်မှုတွေ၊ ရဲတွေကို သတ်ပြီး တော်လှန်ခဲ့တယ်။1953 မှာ Mašín ညီအစ်ကိုနဲ့ သူတိုသူငယ်ချင်းသုံးယောက် Berlin မြို အနောက်ပိုင်းကို ထွက်ပြေးဖို ကြိုးစားခဲ့ပြီး အဲဒီခရီးကြမ်းက အမှုထမ်း20,000 ကျော် ပါဝင်ခဲ့တဲ့ဂျာမဏီအရှေ့ပိုင်းရဲ့ အကြီးမားဆုံး စစ်တပ်နဲ့ရဲတွေရဲ့ ဝရမ်းပြေးဖမ်းဆီးမှုကြီးတစ်ခုအဖြစ် သမိုင်းတွင်ခဲ့တာပဲ ဖြစ်ပါတယ်။Czech သမိုင်းကြောင်းမှာ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့သူရဲကောင်းတွေ ဒါမှမဟုတ် ရာဇဝတ်သားတွေဆိုပြီး အမြင်ကွဲလွဲမှုတွေခံရတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ တော်လှန်ရေးခရီးကိုဒီဇာတ်လမ်းမှာ စိတ်လှုပ်ရှားဖွယ်အပြည့်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။