Indo horroပရိသတ်တို အကြိုက်တွေ့စေမယ့် အသစ်ထွက်ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။အခုနှစ်ပိုင်းတွေမှာ အင်ဒိုဟော်ရာလောကလည်း အဆင့်မြင့်လာပြီးလူကြိုက်များလာကြပြီဆိုတော့ ဒီကားလေးရော ဘယ်လိုလာမလဲရှုစားကြပါဦး။ပါကူတာနာဂျဝါလိုခေါ်တဲ့ တောတွေတောင်တွေ ဝန်းရံနေတဲ့မြိုငယ်လေးမှာ ဟာဒီနီလိုခေါ်တဲ့ ဆွန်ဒန်ကချေသည်တစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ ရိုးရာကချေသည်ဖြစ်တဲ့ဟာဒီနီကနာမည်ဂုဏ်သတင်းတော့ မကောင်းလှပါဘူး။ဟာဒီနီက ယောက်ျားတွေနဲ့ ပတ်အိပ်နေသလိုလို ပြည့်တန်ဆာပဲလုပ်စားနေသလိုလို သတင်းတွေထွက်နေပြီး မကြာသေးခင်ကပဲဟာဒီနီဆီကပြန်လာပြီးရုတ်တရက် နှလုံးဖောက်ပြီးသေသွားတဲ့ကူစ်နိုဆိုသူကလည်းရှိနေတော့ သွားပုပ်လေလွင့်ပြောသူတွေအတွက် ပြောစရာကြီးဖြစ်နေတာပေါ့။အမေ့ရဲ့မကောင်းသတင်းတွေကြောင့်နင်ရမ်တစ်ယောက်လည်းအမေနဲ့ မကြာခဏပြဿနာတက်ရပေမဲ့ အမေဖြစ်သူရဲ့ ထူးဆန်းတဲ့အပြုအမူတွေ လုပ်ရပ်တွေကို နင်ရမ်တစ်ယောက်လည်းနားမလည်နိုင်သလိုမေးတော့လည်းဟာဒီနီကမဖြေပြန်ပါဘူး။ဒီလိုနဲ့ သူတိုသားအမိနှစ်ယောက်ရဲ့ဘဝထဲကို ဂျာလူဆိုတဲ့လူတစ်ယောက် ဝင်လာချိန်မှာတော့….