စိတ်ထားကောင်းပေမယ့် ဘဝကိုပေ့ါပေါ့နေပြီး ဖြတ်သန်းချင်တဲ့ အရမ်းချစ်တဲ့စုံတွဲတစ်တွဲဟာ…လိုအင်ဆန္ဒတစ်ခုကြောင့် လုယက်မှုတစ်ခုလုပ်ပြီး ဖလော်ရီဒါအိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်တယ်လမ်းတစ်ဝက်မှာ ကားဆီပြတ်သွားပြီးတော့ ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေတဲ့အချိန်…နောက်ကားတစ်စီးရှာဖို့ လုပ်ကြရင်းနဲ့ လူမနေဘူးလို့ထင်ရတဲ့ ခမ်းနားတဲ့အိမ်ကြီးကိုရောက်သွားတဲ့အချိန်မှာ…ပြဿနာအကြီးကြီးတွေ စပြီးတက်ပါတော့တယ်။ ဘယ်လိုပြဿနာတွေနဲ့ သူတို့ကို အိမ်ကြီးကဆီးကြိုနေမလဲ…သူတို့ရဲ့ အိပ်မက်ကိုရော အကောင်အထည်ဖော်နိုင်သွားမလား…သူတို့ မထင်မှတ်တာတွေ ဘယ်လိုကြုံကြမလဲ…တစ်ယောက်ချင်းစီရဲ့ သရုပ်ဆောင်မှုတွေကို အာရုံစိုက်ကြည့်ရင်သို့လောသို့လောနဲ့ တကယ် စိတ်ဝင်စား…စိတ်လှုပ်ရှားစရာကောင်းလွန်းတာမို့ မလွတ်တမ်းကြည့်ရှုဖို့ ပြောလိုက်ပါရစေ…နည်းနည်းဂေါ်တဲ့အတွဲမို့ စကားလုံးအသုံးတွေတော့ အနည်းငယ်ကြမ်းနိင်ပါတယ်…