အက်ရှင်ကားကောင်းကောင်းလေး ကြည့်ချင်ရင်တော့ဒီကားလေးကို ညွှန်းပေးပါရစေ .. ရတနာပစ္စည်းတွေ လုယက်တဲ့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းကကျွမ်းကျင်တဲ့ ဆိုင်ကယ်သမား တစ်ယောက်ကို ငှားဖို့လိုက်ရှာနေပါတယ်။ အဲဒီမှာ ဆိုင်ကယ်ပြိုင်သမား မောင်နှမနှစ်ယောက်နဲ့ချိတ်ဆက်မိပြီး မောင်ဖြစ်သူကို လူဆိုးဂိုဏ်းခေါင်းဆောင်က လူသတ်မှုနဲ့ အကြပ်ကိုင်ပါတော့တယ်။အဲဒီမှာ အစ်မဖြစ်သူက မောင်ဖြစ်သူနဲ့ မိသားစုကိုကာကွယ်ဖို့အတွက် လုယက်မှုတစ်ခုမှာမဖြစ်မနေပါဝင်ပေးရပါတော့တယ်။ဒီလို လုယက်မှုတွေ စီစဉ်ကြရင်း ဘယ်လို စိတ်လှုပ်ရှားစရာအက်ရှင်တွေကို ကြည့်ရမလဲဆိုတာကတော့ ဇာတ်ကားထဲမှာတစ်ဝကြီး ကြည့်ရှုခံစားလိုက်ပါတော့။