တရားခံဖမ်းတဲ့အခါ ညှာတာမှုမရှိဘဲ ထိုက်ထိုက်တန်တန် အပြစ်ပေးပြီးမှ ဖမ်းဆီးတတ်တဲ့…စုံထောက် Ji Wook ဟာဆိုရင် အထက်လူကြီးကပါ ခေါင်းခဲရတဲ့ စုံထောက်ဖြစ်ပါတယ်…ရဲဌာနတစ်ခုလုံးရဲ့အားကိုးရာ ဖြစ်တဲ့အပြင် လူမိုက်တွေ ဖိန့်ဖိန့်တုန်ကြောက်ရတဲ့ လူတစ်ယောက်ပါ။ဒါပေမဲ့ အများအမြင်မှာ သွေးအေးပြီး ရက်စက်တဲ့ Ji Wookဟာ လူတိုင်းထင်ထားသလို မဟုတ်ဘဲ…ငယ်စဉ်ကတည်းကသူ့ရဲ့လျှို့ဝှက်ချက်တစ်ခုကြောင့်နဲ့ ပင်ပန်းခက်ခဲရသူဖြစ်ခဲ့ပါတယ်…သူ့ရဲ့ လျှို့ဝှက်ချက်ကြောင့် ရဲဝန်ထမ်းအဖြစ်ကနေ အနားယူပြီး ပြောင်းလဲနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဘဝသစ်စတင်မဲ့ အချိန်ကျမှအရင်ကရန်စရှိခဲ့တဲ့ လူမိုက်ဂိုဏ်းက ခေါင်းဆောင်ရဲ့ နှောင့်ယှက်မှုကြောင့်…လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကာကွယ်ပေးချင်တဲ့ မိန်းကလေးတစ်ယောက်ပါ ထိခိုက်လာပါတော့တယ်။သူတန်ဖိုးထားရသူတွေကိုပဲဆက်ကာကွယ်မလား…သူဖြစ်ချင်တဲ့ ဘဝကိုပဲဆက်သွားမလားဆိုတာ…ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပါရှင်…