ချစ်သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေကိုသိမ်းဆည်းတတ်တဲ့ ကောင်လေး၊ ကောင်မလေးတွေ…ပရိသတ်ကြီးထဲမှာရှိကြမယ်လို့ထင်ပါတယ်။ လမ်းခွဲပြတ်စဲသွားချိန်မှာတောင် ဒီအမှတ်တရတွေကို…မဖျက်ဆီးရက်တဲ့အခါ နာကျင်ခံစားကြရမှာပါ။ အဲဒီလိုရှေ့မဆက်နိုင်ဘဲနာကျင်နေရတာတွေကိုကုစားဖို့…Hear Broken Gallery လာပါပြီ။ စွန့်ပစ်ဖို့လည်းခက် ဖက်တွယ်ဖို့လည်းနာကျင်နေရရင်…ဒီဇာတ်ကားလေးကိုသတိရလိုက်ပါနော်။ Comedy, Romance ဖြစ်တဲ့ ဒီကားလေးမှာ…Stranger Thing စီးရီးထဲက ဆွဲဆောင်မှုရှိတဲ့ ဘီလီက နစ်ခ်အနေနဲ့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ဒီတစ်ခါတော့Charming type လေးအနေနဲ့ပါ၀င်ထားလို့ အဆုံးထိစိတ်၀င်တစားကြည့်ရှုရမယ့် ကားလေးပါ။ တွဲသမျှကောင်လေးတိုင်းရဲ့အမှတ်တရတွေကို သိမ်းထားတတ်တဲ့ကောင်မလေး လူစီ…လူစီက ပြခန်းတွေကိုစီမံရတာ၀ါသနာပါတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ တစ်နေ့တော့သူ့ချစ်သူနဲ့ပြတ်စဲသွားတဲ့အချိန်မှာ ဒီအမှတ်တရပစ္စည်းတွေကို လွှင့်မပစ်နိုင်မယ့်အတူတူ…ထားစရာနေရာရှာပါတော့တယ်။ အဲဒီမှာပဲ ဟိုတယ်ဖွင့်ဖို့ကြိုးစားနေတဲ့ နစ်ခ်နဲ့ဆုံပါတော့တယ်သူတို့နှစ်ယောက်ဆုံပြီးတဲ့နောက် ဘာဆက်ဖြစ်မယ်ဆိုတာ စိတ်၀င်စားစွာနဲ့ကြည့်ရှုရမှာပါ။