ဒီကားလေးကတော့ ၂၀၀၂ခုနှစ်တုန်းကထွက်ထားတဲ့ အချစ်ဟာသကားလေးပါ။ high school movie တွေ Campus movie တွေ ကြိုက်တတ်ရင် ကြည့်သင့်တဲ့ကား။လေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ –ဒေ့ဗ်တို့သူငယ်ချင်းသုံးယောက်က ပထမနှစ်ကတည်းက သူမတူတဲ့နည်းလမ်းတွေနဲ့ စာခိုးချတဲ့သူတွေပါ။နောက်ဆုံးနှစ် နှစ်၀က်စာမေးပွဲမှာ ဒေ့ဗ် သူငယ်ချင်းဖြစ်သူဆမ်အတွက် မေးခွန်းခိုးပေးရင်း ကောင်မလေးတစ်ယာက်ကိုဖွန်ကြောင်လိုက်ရာမှစပြီး ပြဿနာတက်ပါတော့တယ်။ ကောင်မလေးကို ကြိုက်နေတဲ့ဆိုက်ကိုဂိခ်ကောင် အီသန်က အငြိုးထားပြီးခြိမ်းခြောက်လို့ အီသန် စော်လိုက်တာကို ကူညီပေးဖို့ဖြစ်လာပါတော့တယ်။ဒေ့ဗ်က ကောင်မလေးကို တကယ်ချစ်သွားတဲ့အခါ တဖက်ကလည်းကျောင်းထုတ်ခံရမယ့်အကွက် တဖက်ကလည်းချစ်သူပစ်ခံရမယ့်အကွက်နဲ့ ဘယ်လိုနှစ်ပါးသွားဆက်ကမလဲ ရီရီမောမောကြည့်ရှုနိုင်မှာပါ။