Kombu Vatcha Singamda HD

Kombu Vatcha Singamda

Action Drama HD 2022-01-13 7 151 Min

၂၀၂၂ က ထွက်ရှိတဲ့ တမီလ်စကားပြောကျေးလက် အက်ရှင်ဒရာမာရုပ်ရှင်လေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆူမာသီဆိုတဲ့ကောင်မလေးဟာ အိမ်ထောင်ကျကလေးတစ်ယောက်ရပြီးနောက်မှာ မပြန်ဖြစ်တာ၅ နှစ်ကြာပြီရှိတဲ့ သူ့ရဲ့မွေးရပ်မြို့လေးဆီကို ပြန်လာခဲ့ပါတယ်။ဒါပေမဲ့ သူ့ရဲ့ မွေးရပ်မြို့လေးဟာ သူမှတ်မိထားတဲ့ပုံစံနဲ့မတူဘဲတိတ်ဆိတ်ခြောက်ကပ်နေပြီး သုသာန်တစပြင်လိုမျိုးလူသူကင်းမဲ့နေတာကို တွေ့လိုက်ရတယ်။အဲဒီလိုဖြစ်နေရတဲ့အကြောင်းအရင်းကို စုံစမ်းကြည့်တဲ့အချိန်မှာတော့သူတို့မြို့လေးအတွက် အနစ်နာခံသွားတဲ့ လူငယ်ငါးယောက်ရဲ့အကြောင်းကို သိခဲ့ရပြီးအဲဒီလူငယ်ငါးယောက်ရဲ့အကြောင်းနဲ့ သူတို့ မြို့လေးဘယ်လိုတိတ်ဆိတ်ခြောက်ကပ်သွားတာလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ တွေ့ကြရမှာဖြစ်ပါတယ်…။