The Fix FHD

The Fix

Action Horror Science Fiction FHD 2024-06-23 6.2 98 Min

တစ်နေ့တစ်နေ့ လူတွေရဲ့ စွန့်ပစ်ပစ္စည်းတွေ၊ ဓာတုအကြွင်းအကျန်တွေနဲ့ အမှိုက်ပုံက Waste တွေကြောင့်လေထုပါ အဆိပ်သင့်သွားတယ်ဆိုတဲ့ အနာဂတ်စိတ်ကူးယဉ်ကမ္ဘာကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။နေ့စဉ်ရှုရှိုက်နေရတဲ့ လေထုဟာ အဆိပ်သင့်ပြီဆိုမှတော့တစ်ကမ္ဘာလုံး နိုင်ငံအနှံ့ ကပ်ဆိုက်တာဖြစ်ပါတယ်။ဒါပေမဲ့လည်း ကမ္ဘာပြိုရင်တောင်ပြေးပေါက်မရရအောင်ရှာတတ်ကြတဲ့ လူသားမျိုးစိတ်တွေက ဂတ်စ်မျက်နှာဖုံးတွေတပ်ကာ နေထိုင်ကြပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှတစ်ကမ္ဘာလုံးအနှံ့ အနီရောင်နယ်မြေတွေကကြီးထွားသထက်ကြီးထွားလာပါတယ်။ဒီအတွက် သူတို့မှာ အဖြေလုံးဝမရှိတာတော့ မဟုတ်ပါဘူး။Athera ဆိုတဲ့ လုပ်ငန်းစုကြီးတစ်ခုက ထုတ်လုပ်တဲ့ AIReumဆိုတဲ့ ဆေးတစ်မျိုးဟာတစ်လုံးသောက်လိုက်တာနဲ့၆ နာရီကြာအောင် မျက်နှာဖုံးတပ်စရာမလိုဘဲ လေထုအဆိပ်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ဒါပေမဲ့ သူတို့ဆေးဖော်စပ်တဲ့နေရာမှာသုံးတဲ့အဓိကပစ္စည်းကိုလျှို့ဝှက်ထားတဲ့အတွက်ကြောင့် ဆေးလောကမှာတော့သူတို့လုပ်ငန်းစုတစ်ခုတည်း ပြိုင်ဖက်ကင်းဖြစ်လို့နေပါတယ်…ဒါပေမဲ့လည်း ငွေကုန်ကြေးကျခံနိုင်တဲ့လူချမ်းသာတွေအတွက်သာထုတ်လုပ်ထားသလိုဖြစ်နေတာကြောင့် ဆင်းရဲတဲ့သူတွေကဒီဆေးကိုဝယ်မသောက်နိုင်ကြပါဘူး။တစ်ဖက်မှာလည်း အဲဒီကုမ္ပဏီအတွက် ကြော်ငြာမော်ဒယ်လုပ်ပေးတဲ့အယ်လာဟာလှပပေမဲ့ သူ့အမေဖြစ်သူရဲ့အရှိန်အဝါကြောင့်လူကြိုက်ခံရလို့ သူ့ဘဝကို အားရမှုမရှိလှပါဘူး…အမြဲတမ်းအတုအယောင်တွေကြားထဲမှာ ရှင်သန်နေရတဲ့အတွက်စိတ်ဆင်းရဲနေရပါတယ်…တစ်နေ့မှာတော့သူ့ကောင်လေးဖြစ်သူရဲ့ပါတီပွဲကိုရောက်သွားပြီးသူ့ကောင်လေးလွတ်ကျကျန်ခဲ့တဲ့ ဘာမှန်းမသိတဲ့ ဆေးတောင့်လေးတစ်တောင့်ကို သောက်မိတဲ့အချိန် သူ့တစ်ကိုယ်လုံးမှာ ထူးဆန်းတာတွေဖြစ်လာပါတယ်ရုပ်အသွင်အပြင်က မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်လာပေမဲ့လည်းသူ့ခန္ဓာကိုယ်က AIReum ဆေးထက်ကိုပိုပြီး လေထုအဆိပ်အတောက်ကိုဓာတ်ပြယ်စေတဲ့ဒြပ်စင်တွေ ထုတ်လွှတ်နေတာကြောင့်…အဲဒါကိုသိရှိသွားတဲ့ Athera လုပ်ငန်းစုက သူ့ကို အပိုင်ဖမ်းပြီးAIReum တွေ အကန့်အသတ်မရှိထုတ်ကာ စီးပွားရှာဖို့ ကြံစည်ရာကနေဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီရုပ်ရှင်မှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်…