Silent Bite FHD

Silent Bite

Action Fantasy Horror FHD 2024-11-12 3.4 90 Min

Xmas လည်းနီးလာပြီဆိုတော့ ခရစ္စမတ်အငွေ့အသက်လေးတွေပါတဲ့ Horror ဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။Horror အမျိုးအစားဆိုပေမယ့် Dry Humor သဘောကျတတ်တဲ့သူမျိုးတွေ အကြိုက်တွေ့မယ့် ဒိုင်ယာလော့တွေ ပါတာမို့ ပျင်းခြောက်မနေမယ့် ဇာတ်ကားဖြစ်ပါတယ် ဇာတ်ညွှန်းကတော့….ခရစ္စမတ်အိဗ် အကြိုနေ့ညနေခင်းမှာ ကောင်တီဘဏ်ကိုဓားပြဝင်တိုက်ခဲ့တဲ့ “ဆန်တာဦးထုပ်ဓားပြအဖွဲ့”လို့ အမည်ပေးထားတဲ့ဓားပြအဖွဲ့ဘဏ်ဓားပြတိုက်ပြီး ကားမောင်းပြေးနေတာနဲ့ စထားပါတယ်…သူတို့တွေရဲ့ ကနဦးအစီအစဉ်ကတော့ ရဲတွေ မထင်ထားလောက်မယ့်ဘဏ်နဲ့သိပ်မဝေးတဲ့ ချောင်ကျကျ ဟိုတယ်တစ်ခုမှာခေတ္တခြေငြိမ်ပြီးခိုနေပါမယ် အဖွဲ့ထဲက အယောင်ပြ မောင်းပြေးမယ့် သူတစ်ယောက်ကသူတို့နဲ့ ဆန့်ကျင်ဘက်ဒေသဘက်ကို အယောင်ပြ မောင်းပြေးပြီးရဲတွေကို လမ်းလွှဲမယ်…အခြေအနေ ငြိမ်သွားရင်လူပြန်ဆုံပြီး ဝေစုခွဲကြဖို့ပါပဲ…။သူတို့ မသိလိုက်တဲ့ အချက်တစ်ချက်က ခိုနေဖို့ ရည်ရွယ်ထားတဲ့ဟိုတယ်မှာ သူတို့တွေ မထင်ထားတဲ့ အန္တရာယ်တွေနဲ့ ပြည့်နေတယ်ဆိုတာပါပဲ…။ဒီတော့ ဓားပြအဖွဲ့သားတွေအန္တရာယ်ကနေ ဘယ်လိုမျိုး လွတ်အောင်ပြေးကြမလဲဆိုတာကိုတော့…..။