Whiteout FHD

Whiteout

Drama Thriller FHD 2024-11-22 5 90 Min

ဒီဇာတ်ကားလေးက ၂၀၂၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ဒါရိုက်တာ Derek Barnes ရိုက်ကူးထားတဲ့ survival thrillerဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေအဖြစ် Douglas Nyback, Joel Labelle နဲ့James McDougall တို့က ပါဝင်ပေးထားပါတယ်။ဇာတ်လမ်းကတော့ ရုရှားထောင်တစ်ခုကနေ အရဲစွန့်ထွက်ပြေးလာတဲ့Kurt, Anthony နဲ့ Henry တို့ရဲ့ တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုစိတ်လှုပ်ရှားဖွယ်ရိုက်ကူးထားတာဖြစ်ပါတယ်။ထောင်ထဲကနေလွတ်လာတဲ့ သူတို့သုံးယောက်ဟာ ကြမ်းတမ်းတဲ့တောနက်ကြီးကိုဖြတ်ပြီးတော့ ဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေကိုရင်ဆိုင်ကာ အချင်းချင်းမသင့်မမြတ်ဖြစ်မှုတွေကို ကျော်ဖြတ်ရင်းအသက်ရှင်ဖို့အတွက် တိုက်ပွဲဝင်ကြပုံကို ကြည့်ရှုကြရမှာပါ။ဒီဇာတ်ကားထဲမှာ လူသားတွေရဲ့ အကြမ်းခံနိုင်မှုတွေ၊ မဖြစ်နိုင်တဲ့အခြေအနေမှာတောင်အသက်ရှင်ကျန်ရစ်နိုင်ဖို့အတွက် ဆက်လက်တိုက်ပွဲဝင်ပုံတွေကို Thriller genre ပီပီ ကြည့်ရှုသူကို စိတ်လှုပ်ရှားမှုရသ အပြည့်အဝရအောင် ရိုက်ကူးထားပါတယ်။