Swimfan HD

Swimfan

Thriller Mystery HD 2002-09-06 5.3 84 Min

အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်တဲ့ ဘန်ဟာ အတိတ်ဆိုးတွေရှိခဲ့ပေမယ့် ပင်ကိုစိတ်ရင်းကောင်းပါတယ်။ ကျောင်းရေကူးအသင်းမှာလဲ စံချိန်ကောင်းတွေရထားပြီးတက္ကသိုလ်ပညာတော်သင်ဆုရဖို့နီးစပ်နေပါပြီ။ အချိန်ပိုင်းအလုပ်အနေနဲ့လဲ သူနာပြုလုပ်နေပါတယ်။သူ့ကိုသိပ်ချစ်တဲ့ချစ်သူလေး အေမီဆိုတာလဲရှိပါသေးတယ်။ အရာရာပြီးပြည့်စုံနေပြီးတက်လမ်းတွေပါဖြောင့်ဖြူးနေတဲ့ သူ့ရဲ့ဘဝဟာ မက်ဒီဆင်ဆိုတဲ့ နောက်ကြောင်းမရှင်းတဲ့မိန်းကလေးတစ်ယောက်နဲ့ တစ်ညတာပတ်သတ်မိရာကနေ ထက်အောက်ပြောင်းပြန်လှန်ပြီးဗြောင်းဆန်သွားရပါတော့တယ်။ ရက်ပိုင်းလေးအတွင်းမှာတင် ဘဝတစ်ခုကို မိန်းကလေးတစ်ယောက် ဘယ်လို ခြေမွှဖျက်ဆီးပစ်လိုက်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားပေးပါ။ Jesse Bradford နဲ့ ErikaChristensen တို့က ဉီးဆောင်ပါဝင်ထားပါတယ်။